💫 21 💫

8.2K 466 24
                                    

"Morning အန်ကယ် "

"Morning ကိုရှင်း! မနက်စာ ထပြင်နေတာလားကွ "

"တကူးတကတော့ မဟုတ်ပါဘူး အန်ကယ် "

"အေးကွာ သက်တောင့်သက်သာနေ ကိုယ့်အိမ်လို သဘောထား "

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ် "

ရှေ့နေလေးသည် မနက်စာစားရင်း ထမင်းစားခန်းအဝကို တကြည့်ကြည့်ဖြစ်နေရှာ၏။ သားအဖနှစ်ယောက်ထဲနေကြပြီးတော့ အိမ်မှာရှိတဲ့အချိန်လေးတောင် လက်ဆုံမစားနိုင်ကြရင် ဘယ်အချိန်သွားစားကြမလဲ။ စျာန့်ကိုတော့ ပြောမှရမည်။

"မင်းသူငယ်ချင်းကို မျှော်နေတာလား မျှော်မနေနဲ့ Night Duty ဆို တနေ့လုံးအိပ်နေတာ မထဘူး "

"သြော် ဟုတ်! "

"ထနေပါပြီ ဒယ်ဒီရယ် "

အသံနဲ့အတူ လေလိုအလျင်နဲ့ ရောက်လာတဲ့သူက သူရိန်လင်းစျာန်။

"ကြားသားမိုးကြိုးဘဲ "

အစအဆုံးပြင်ဆင်ထားသူသည် အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေသည့်ဟန်။ စျာန်က ထမင်းစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ရင်း သူ့ကို ကြည့်နေသည့် ရှေ့နေလေးအား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏။
ရှေ့နေလေးရဲ့ မျက်စောင်းက ဒိုင်းကနဲ။

"အလုပ်တွေရော ဘယ်လိုလဲ ကိုရှင်း! "

"အဆင်ပြေပါတယ် အန်ကယ် "

"စျာန်က ပြောနေတာ သူငယ်ချင်းတွေ သိပ်တောင်မတွေ့ဖြစ်ကြဘူးတဲ့ တစ်ယောက်တစ်ကွဲနဲ့ဆို "

"ဟုတ်ကဲ့ အန်ကယ်! အကုန်လုံး မအားကြတော့လို့ "

"အင်း ကောင်းတယ် အလုပ်နဲ့ဆိုတော့ ခြေငြိမ်တာပေါ့ "

ကိုရှင်းနဲ့ စျာန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိလိုက်ကြ၏။ဘားတွေ ပတ်သွားနေကြရတဲ့အချိန်တွေ ရှိခဲ့ကြတာကြောင့် လူကြီးမိဘတွေဟာ သူတို့ကို အလေလိုက်နေခဲ့ကြတယ်လို့ ထင်နေကြတဲ့ ပြဿနာ။ ရှေ့နေဖြစ်ပြီး၊ ဆရာဝန်ဖြစ်ပြီး ခြေမငြိမ်ဘဲ သွားလာပျော်ပါးနေတယ်လို့ဘဲ ထင်နေကြတာ။ ထင်ကြအောင်လည်း တမင်လုပ်ထားတာ။ သူတို့လုပ်နေတာတွေကို လူကြီးတွေကို ပေးမသိ။လူကြီးမိဘတွေအမြင်မှာ သူတို့ကို အလုပ်မရှိအကိုင်မရှိ ပေါ့တိပေါ့ပျက်တွေလို့ မြင်နေရင် ရပြီဆိုတဲ့ ပုံစံမျိူးတွေ။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now