❤ 4 ❤

10.9K 623 33
                                    

"ရုဏ်ရုဏ် "

"အို အမေ့ "

"ဆောတီး ဆောတီး လန့်သွားလား "

ဂျင်းဘောင်းဘီအကျပ်ကို အပြာနုရောင် လက်တိုရှပ်အင်္ကျီ အထဲထည့်ဝတ်ကာ ခါးပတ်ပတ်ထားတဲ့ ကိုကွန့်ပုံစံက လုံးဝကို ရင်ခုန်လှိုက်မောချင်စရာ။မြင့်မားရှည်လျားတဲ့ အရပ်၊ ပိရိ​သေသပ်တဲ့ နှုတ်ခမ်းတွေ၊ လှန်တင်ထားတဲ့ ဆံပင်တွေက နဖူးပေါ် ဟိုတစ ဒီတစကျနေပုံက ရုဏ်ရုဏ့်ကို အငေးကြီး ငေးချင်အောင် ဆွဲဆောင်မှု ရှိနေ၏။

"ရ ရပါတယ် ဘာ ဘာဖြစ်လို့လဲ ကို ကိုကွန့် "

အသံလေး အထစ်အထစ်နဲ့ တစ်လုံးချင်းပြောနေပုံက ကွန့်ထူးကို လန့်နေတာလား မပြောတတ်။ရှစ်နာရီလောက် သင်တန်းကို လိုက်ပို့ပေးပါလို့ ပြောထားတာမို့ ဘာရယ်ကြောင့်မှန်းမသိ စောစောစီးစီး ပြင်ဆင်လို့ ပြီးနေပြီး ဖွားမှုံက အရှေ့အိမ်မှာဘဲ သွားစောင့်နေလိုက်လို့ ဆိုတာကြောင့် ကူးလာခဲ့တာ။ အိမ်ထဲရောက်တော့ ဆေးရွက်ကြီးတွေ နေလှန်းထားတဲ့နေရာမှာ အလုပ်ရှုပ်နေတဲ့ ရုဏ်ရုဏ်ကို မြင်တော့ ဦးနှောက်က မဆုံးဖြတ်နိုင်ခင် ခြေလှမ်းတွေက အလိုလို အနားကို ရောက်သွားတာ။

"လက် သက်သာရဲ့လားလို့ပါ "

အပူလေးနည်းနည်းလောင်ရုံကို ဘယ်သူကမှ ဒီလိုဂရုတစိုက် မမေးဖူးခဲ့တော့ ရုဏ်ရုဏ့်မှာ ဝမ်းလည်း ဝမ်းသာလာသလိုဝမ်းနည်းသွားရ၏။ဒါကြောင့်မို့ ခေါင်းလေးငုံ့ကာဘဲ ရပ်နေလိုက်၏။

"ကိုယ် ကူရအုံးမလား "

"ဟင့်အင်း ရပါတယ် "

ကိုကွန့်ရှေ့က အကောင်ပေါက်လေးကို ကြည့်ကာ အသဲတယားယားဖြစ်နေတာကြောင့် ကိုယ့်ကိုကိုယ်လည်း အံ့သြနေမိ၏။ဘာမှမချယ်သထားတဲ့ မျက်နှာဖြူဖြူကြည်ကြည်လေးက အလုပ်လုပ်ထားတဲ့အရှိန်ကြောင့် ထင်၏။ ပါးလေးနှစ်ဖက် နီမြန်းနေ၏။ပြီးနောက် မျက်လွှာချကာ ခေါင်းငုံနေတာကြောင့် ယှက်ဖြာနေတဲ့ မျက်တောင်ရှည်ရှည်လေးတွေက မဲနက်နေ၏။ပြီးတော့ မျက်ခွံပေါ်က မှဲ့နက်ကလေး။သဘောကျချင်စရာ ကြည့်မဝချင်စရာ ပန်းချီကားချပ်လေးနှယ်။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now