✨ 3 ✨

11.3K 662 32
                                    

"သား ကိုကွန့်ရေ ပြီးပြီလားကွယ့်"

"ပြီးပြီ ဖွား လာပြီနော် "

လူကြီးလူကောင်းဆန်ဆန် ဝတ်စားပါဆိုလို့ ပါသမျှအဝတ်အစားတွေထဲက ရွေးရသေး၏။အမြဲတမ်းဝတ်လေ့ရှိတဲ့ တီရှပ်လက်ကျ ပွပွတွေနဲ့ Cargo pant တွေဘဲ ပါတာမို့ ရှားရှားပါးပါးထည့်လာမိတဲ့ style pant တစ်ထည်နဲ့ ရှပ်အင်္ကျီပြောင်ကို တွဲဖက်ဝတ်ဆင်လိုက်ရ၏။အင်း ဒီလောက်ဆို လူကြီးတွေ မျက်စိဆံပင်မွှေး မစူးလောက်ဘူး ထင်ရတာဘဲ။လက်ရှည်ဆိုရင် အမြဲတမ်း တံထောင်ဆစ်ထိ ခေါက်တင်ကာ ဝတ်တတ်တာမို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်လိုက်ရင်း ပိုက်ဆံအိတ်နဲ့ ဖုန်းကို ခါးကြားထိုးကာ အောက်ထပ်ကို ဆင်းလာလိုက်၏။
စူးရှတဲ့ မျက်ဝန်းတွေ၊ နဖူးတွေပေါ်တဲ့အထိ လှန်တင်ထားတဲ့ ဆံပင်ပုံစံ၊ မြင့်မားရှည်လျားတဲ့ အရပ်က ကွန့်ထူးထည်ဝါဆိုတဲ့ နာမည်နဲ့လိုက်အောင် ထည်ထည်ဝါဝါ။

"ဖွားမြေးက ချောလိုက်တာ "

"သား စိတ်ညစ်တယ် ဖွားရယ် "

"ဘာလို့လဲ မြေးရဲ့ နေမကောင်းလို့လား ခရီးပန်းနေသေးတာလား "

မျက်နှာကို ရှုံ့မဲ့ကာပြောတော့ ဖွားမှုံမှာ ပြာပြာသလဲ။ကွန့်ထူးက ရှပ်အင်္ကျီကော်လံနှစ်ဖက်ကို ဟန်ပါပါနဲ့ ကိုင်လိုက်ရင်း

"တစ်နေ့တစ်ခြား ချောချောလာလို့လေ ချောမောမှုတွေက မရပ်တန့်နိုင်တော့ဘူး ထင်တယ် "

"သြော် ဒီကောင်လေးနှယ် ဘာများဖြစ်လို့လဲလို့ "

ကွန့်ထူးအပြောကို အဖွားက ရယ်ရယ်မောမောနှင့် တုန့်ပြန်၏။ကွန့်ထူးကိုယ်တိုင်လည်း ရယ်နေပေမယ့် စိတ်ထဲ မတင်မကျ ဖြစ်တာတွေကို ဖုံးကွယ်ထားရ၏။လူကြီးတွေက ဘာလို့ သူ့ကို အဲ့လောက်အိမ်ထောင်မြန်မြန်ချပေးချင်နေကြတာလဲ။ကွန့်ထူးတို့ အခြေအနေနဲ့ဆို ဂုဏ်ရှိတဲ့ မိန်းကလေးတစ်ယောက် အချိန်မရွေးကောက်ယူလို့ရတဲ့ အနေအထားလေ။ပြီးတော့ ဖားသားကြီးက အခုမှ ကောက်ခါငင်ကာ ငယ်ငယ်ထဲက ကွန့်ထူးတို့နဲ့ အတူမနေတဲ့ အဖွားရဲ့ စကားကို နားထောင်ပြီး မိန်းမပေးစားမယ့် အစီအစဥ်ကို လက်ခံခဲ့ရတာလဲ မသိ။မေးတော့လည်း မမကအစ ဝေ့လည်ကြောင်ပတ်နဲ့ သွားဖို့ဘဲ ဖိအားပေးနေတာ။ဧကန္တ ထည်ဝါမျိုးရိုးက လူတွေက မိန်းမပေးစားတာတို့ ယောက်ျားပေးစားတာတို့ကို ဝါသနာထုံကြပုံဘဲ။ မမကိုလည်း ဟိုနိုင်ငံခြားပြန်ကောင်နဲ့ ပေးစားချင်နေတာ ကွန့်ထူးမသိတာ ကျလို့။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now