🍬 40 🍬

8.7K 460 18
                                    

ကိုင်နေကျဖုန်းကို စက်ပိတ်ထားလိုက်ပေမယ့် ဟိုလေးကောင်ဘဲ သိတဲ့ဖုန်းက တောက်လျှောက်မြည်နေတာကြောင့် ကွန့်ထူးလည်း ကားကို လမ်းဘေးရပ်လိုက်ရင်း ဖုန်းကိုင်လိုက်ရသည်။နာရီကြည့်တော့ မနက် သုံးနာရီထိုးနေပြီ။ ကိုယ်ပေါ်က ကောင်လေးငယ်ကတော့ သူ့လည်ပင်းကို ဖက်တွယ်ကာ အိပ်ပျော်နေဆဲ။ ကွန့်ထူး ဖုန်းကိုယူကာ ကိုင်လိုက်တဲ့အချိန် တစ်ဖက်က ပြောလာသူက စျာန် ။

"ဘာတွေလုပ်သွားတာလဲ မင်း "

ခပ်ကျယ်ကျယ်အော်ပြောသံကြောင့် ဖုန်းနှင့်နားကို ခဏပြန်ခွာပြီးမှ ပြန်ဖြေလိုက်ရသည်။ အကုန်လုံး သိကုန်ကြပြီ ထင်၏။ ကွန့်ထူးလည်း သက်ပြင်းသဲ့သဲ့ရှိုက်ကာ နားနှင့်ပြန်ကပ်လိုက်ပြီး ခပ်တိုးတိုးအသံဖြင့်

"အဲ့လိုလုပ်မှ ဖြစ်တော့မှာမို့လို့ "

"အေး ကောင်းတယ် လုပ်လုပ်! ကလောသွားနေတာမှတ်လား အခုဘယ်နားရောက်နေပြီလဲ ငါတို့လိုက်လာနေတယ် "

တစ်ဖက်က စျာန့်စကားကြောင့် ကွန့်ထူးမှာ မျက်လုံးကို ပြူးကနဲ ဘယ်လိုလုပ်ပြီး ချောင်းသာက လူတွေက။

"ဘာလိုက်လုပ်တာလဲ မင်းတို့ အကုန်သိကုန်တော့မယ် "

"အေး မင်းဖားသားကြီးတွေ ပန်းမြိုင်နွယ်ကို ဆင်းသွားပြီ အခု ငါတို့မင်းအနောက်ကို လိုက်လာတာ "

"လိုက်ပြီး ဘာလုပ်မှာလဲလို့!! "

"ငါတို့သူငယ်ချင်း ယောက်ျားခိုးပြေးတာကို ငါတို့က လိုက်မကူသင့်ဘူးလား "

နေရာတကာပါတယ်လို့လည်း အပြစ်မတင်ချင်။ နဂိုထဲက ဒီလိုကောင်တွေဘဲမို့လို့ မလိုက်လာနဲ့လို့ပြောလည်း ရတော့မှာ မဟုတ်ချေ။

"လေးယောက်လုံးလား "

"ဟုတ်တယ် လုံးဝမနားဘဲ ချောင်းသာကနေ တက်လာတာနော် အခုက ကိုရှင်းနဲ့ ဂျူးက အိပ်နေတယ် ဂျိမ်းက ကားမောင်းနေတယ် အမြန်လမ်းပေါ် ရောက်နေပြီ "

"ဟား~~~ အေး အေးကွာ မန်းလေးက စောင့်နေမယ် နောက်ကြောင်းတော့ ရှင်းပါစေ သေချာလည်း မောင်းအုံး "

သူငယ်ချင်းတွေရဲ့ကားမောင်းစကေးကို သိထားတဲ့လူမို့ သတိပေးလိုက်ခြင်း ဖြစ်သည်။ သူတို့အဖွဲ့ ကားမောင်းတဲ့နောက်ကို သူတို့အဖွဲ့ကလွဲပြီး ဘယ်သူမှ မလိုက်ရဲ။ အခုလည်း ဘယ်လိုတွေတောင် မောင်းလာလို့ အမြန်လမ်းပေါ်တောင် ရောက်လာရတာလဲ။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now