🦋 23 🦋

8.4K 463 11
                                    

ကွန့်ထူးတစ်ယောက် ရေမိုးချိုးပြီးလို့ ကုတင်ပေါ်မှာ ထိုင်ကာ ရေစိုလက်စ ခေါင်းကို သုတ်နေရင်းက မောင့်အာရုဏ်လေးကို ငေးကြည့်နေမိ၏။ ကွန့်ထူးရှိရာဘက်ကိုလည်း လှည့်မကြည့်၊ ကွန့်ထူးဘာလုပ်နေလဲဆိုတာတောင် စိတ်မဝင်စားဘဲ စာကြည့်စားပွဲမှာသာ ငြိမ်ငြိမ်လေးသာ ထိုင်နေ၏။ မလှုပ်မယှက်နဲ့ ကောင်လေးရဲ့ ကျောပြင်သေးသေးလေးအား ကွန့်ထူး ငေးသာကြည့်နေမိ၏။ ဆံပင်သုတ်ပြီးလို့ ကုတင်ပေါ် ခြေဆင်းထိုင်လိုက်ရင်း လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ထားလိုက်ပြီး ကောင်လေးကိုသာ မမှိတ်မသုန် ငေးကြည့်နေလိုက်၏။ ပန်းစည်းပေးတာတောင် အင်းမလုပ် အဲမလုပ်လေးက စာကြည့်စားပွဲပေါ်မှာသာ တင်ထား၏။ ကြာလာတော့ ကွန့်ထူး မနေနိုင်တော့။ သူ ဒီလိုပုံစံအတိုင်း နေနေရတာ ဘယ်နှမိနစ်တောင်ရှိနေပြီလဲ။ သူ့ကို လစ်လျူရှုထားတာကြီးကိုတော့ ကွန့်ထူးနှလုံးသားက ခံနိုင်ရည် မရှိနိုင်ပါချေ။

"ရုဏ် "

ကွန့်ထူးခေါ်လိုက်တော့ ကျောပြင်သေးသေးလေး လှုပ်ခတ်သွားပြီး မရှေ့မနှောင်းမှာပင် ထူးသံသေးသေးလေး ထွက်လာ၏။

"ဟင် ~~~ "

"လာအိပ်တော့လေ ညနက်နေပြီကို "

"ဟင့်အင်း "

"ရုဏ်ရုဏ်လည်း အိပ်ချင်နေပြီမဟုတ်ဖူးလား လာပါ လာအိပ်တော့ "

"ကိုကွန့် အိပ် အိပ်နှင့် "

နောက်ကိုတောင် လှည့်မကြည့်ဘဲ အမေးအဖြေလုပ်နေတဲ့ ကောင်ငယ်လေးကို ကွန့်ထူး ကြည့်ဘဲကြည့်နေလိုက်တော့၏။အလင်းက သိပ်မဆူပါဘူးဆိုပေမယ့် ငိုထားတဲ့ ပုံစံ။ မျက်နှာလေးကို စေ့စေ့တောင် အကြည့်မခံတာမို့ ကွန့်ထူးမှာ သေချာမကြည့်ရချေ။ ကောင်လေးကို ငေးကြည့်နေရင်းမှ တုန်ခါလာတဲ့ဖုန်းကြောင့် ကြည့်လိုက်တော့ ဂျူး။ဖုန်းပြောနေရင် စာကြည့်နေတဲ့ ကလေး အနှောင့်အယှက် ဖြစ်မှာစိုး၍ ကွန့်ထူးလည်း ဖုန်းကိုယူကာ ကုတင်ပေါ်က ဆင်း၍ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်၏။

"ပြော ဂျူး "

"ဘယ်မှာလဲ "

"ငါလား! အချစ်ရှိရာ အရပ်ဒေသမှာပေါ့ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now