🌅 37 🌅

7.8K 446 33
                                    

"စိတ်မကောင်း မဖြစ်ပါနဲ့တော့ အစ်ကိုလေးရယ် "

အိမ်ရှေ့မှာရှိတဲ့ ပန်းပင်တွေကြားထဲ ငုတ်တုပ်လေးထိုင်ကာ မှိုင်တွေ ငေးမောနေတဲ့ ရုဏ်ရုဏ့်အနား ဖိုးထူးရောက်လာကာ လာနှစ်သိမ့်၏။ ရုဏ်တို့နှစ်ယောက်အကြောင်းကို သိသွားတဲ့ ဖိုးထူးက ဝမ်းသာပေးနေသေးသည်။ အစ်ကိုလေးကို အစ်ကိုကြီးကွန့်ထူးဆီမှာ စိတ်ချတယ်တဲ့လေ။

"နော် ဘာမှမဖြစ်ပါဘူး "

"ဘာမှမဖြစ်ရိုးလား အစ်ကိုလေးရယ် ထမင်းမစားဟင်းမစားနဲ့ ကြာရင် ဒုက္ခရောက်မယ် အစ်ကိုလေးရဲ့ "

"စားလို့မှ မဝင်တာ "

ဝဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ရှည်တွေဖြင့် ပုတ်ခတ်သိမ်းဆည်းကာ အသံတိုးတိုးလေးဖြင့် ဆိုလာသည်။ ဆေးလိပ်သမ အစ်မတွေကလည်း ရုဏ်ရုဏ့်မျက်နှာ မရွှင်မလန်းမို့ စိတ်မကောင်းဖြစ်နေကြသည်။ အရင်ကဆို တက်တက်ကြွကြွနဲ့ အိမ်အလုပ်တွေ ဆေးလိပ်ခုံအလုပ်တွေကို လုပ်နေတတ်တဲ့ ကောင်လေးက အိမ်အလုပ်တွေတောင် မလုပ်နိုင်ဘဲ မှိုင်တွေငေးမောနေတာကြောင့် သူတို့မှာလည်း စိတ်မကောင်းဖြစ်နေကြသည်။

"ဘာစားချင်လဲ နော် သွားဝယ်ပေးမယ်လေ တစ်ခုခုတော့ ဝင်အောင် စားပါအုံး အစ်ကိုလေးရယ် "

ဖိုးထူးစကားဆုံးတော့ မျက်နှာကို တစ်ဖက်လွှဲကာ ခေါင်းခါယမ်းသည်။ မစားချင်ဘူးဆိုတဲ့ သဘော။ ပြီးမှ အသံတိုးတိုးဖြင့်

"အချစ်ဆိုတာ တကယ်ဘဲ ဘာလဲ ဖိုးထူး! မပိုင်ဆိုင်ရသေးခင်တုန်းကလည်း နာကျင်ရတယ် ပိုင်ဆိုင်ပြီးတော့လည်း နာကျင်ရတယ် မချစ်မိခဲ့ရင် ကောင်းမှာဘဲ "

"အဲ့လိုတော့ မတွေးပါနဲ့ အစ်ကိုလေးရယ် ချစ်မိမှတော့ ဘယ်တတ်နိုင်ပါ့မလဲ "

"အလင်းကပြောတယ် ကိုကွန့်နဲ့ ဘယ်လိုမှ မဖြစ်သင့်ဘူးတဲ့ လက်သင့်မခံနိုင်တဲ့ ချစ်ခြင်းတွေတဲ့လေ "

ပြောရင်း မျက်နှာကို လက်ဖဝါးဖြင့်အုပ်ကာ ခေါင်းကို ငုံ့ချသည်။ ဘယ်လောက်တောင် မွန်းကြပ်နေလိုက်မလဲ။ အမှန်ဆို အစ်ကိုလေးက ဒီလိုမျိုးတွေ ကြုံတွေ့ရဖို့ ငယ်လွန်းနေသေးသည်။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now