☃ 31 ☃

7.8K 479 34
                                    

ကိုင်ရိုက်ခံထားရသလို နာကျင်မှုတွေနှင့်အတူ ကွန့်ထူးထည်ဝါ နိုးထလာရသည်။ လေးလံနေသော မျက်ခွံတွေကို ခပ်ဖြေးဖြေးချင်း ဖွင့်ကာ ကြည့်လိုက်တော့ ဖြူလွှနေသော မျက်နှာကျက်တစ်ခု။
ဘေးဘီကို ဖြေးဖြေးချင်း လိုက်ကြည့်မိတော့ ပြတင်းပေါက်ဘေးက ခုံဝယ် ခြေချိတ်ထိုင်ကာ သတင်းစာထိုင်ဖတ်နေပါသော သူရိန်လင်းစျာန်။ ဂျူတီကုတ်တောင် မဝတ်ထားဘဲ အေးအေးလူလူ စာထိုင်ဖတ်နေတဲ့ ပုံစံကြောင့် ကွန့်ထူး အနည်းငယ်တော့ စိတ်အေးသွားသည်။ သို့ပေမယ့်လည်း မေမေနှင့် မမက ဒဏ်ရာရထားတာ မဟုတ်လား။

"အာ့ စျာန် "

နာကျင်နေတာကြောင့် ညည်းညူကာ ခေါ်လိုက်မိတော့ ချက်ချင်းလှည့်ကြည့်ကာ မျက်မှန်ကို ပင့်တင်ရင်း လျှောက်လာတဲ့သူ။

"နိုးပြီလား ကိုကွန့် "

"မေမေတို့ရော! "

"ဟင် ~~~ "

"ငါမေးနေတာ မေမေတို့ရော "

"စိတ်အေးထားပါ ကိုကွန့်ရဲ့ "

စိတ်အေးအေးထားဖို့ ပြောနေပေမယ့် ကွန့်ထူးကတော့ စျာန်ပြောလာမယ့် စကားကို အလွတ်မခံနိုင်စွာ မျက်နှာကို လိုက်ကြည့်နေသည်။ ဒါကိုသိတဲ့ စျာန်က သက်ပြင်းချ၍ ကုတင်ဘေးနားက ခုံမှာ ဝင်ထိုင်လိုက်ပြီး ရေတစ်ခွက်ငှဲ့ကာ ကွန့်ထူးအား တဖြေး​ဖြေးချင်း သောက်စေပြီးမှ

"ကဲ သူငယ်ချင်းလေး စိတ်မပူနဲ့ မင်းမေမေရော မမရော ဘာမှမဖြစ်ဘူး နှစ်ယောက်လုံး ခွဲစိပ်မှု လုပ်ပြီးပြီ "

"သေချာလို့လား "

"ငါ့ပုံစံကို ကြည့်လေ အေးဆေးဘဲကို "

"ဖားသားကြီးရော "

"သူ့မိန်းမနားပေါ့ကွာ အန်ကယ့်ကိုလည်း အားဆေးသွင်းပေးလိုက်တယ် ခုနကတော့ မင်းကိုလာကြည့်သွားသေးတယ် အန်တီတို့ သတိမရသေးဘူးတဲ့ "

"ဘယ်လောက်ရှိသွားပြီလဲ "

"ဘာကိုလဲ "

"မေ့နေတာလေ "

"တစ်ညဘဲ ရှိပါသေးတယ်ကွာ "

"အဲ့လူ မေမေတို့ကို ဘာလို့သေနတ်နဲ့ ပစ်လဲ မင်းသိလား စျာန်! "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now