🚗 39 🚗

8.7K 483 26
                                    

ကွန့်ထူးစိတ်ထဲ နွေးနွေးထွေးထွေးလေးနဲ့ရယ်။သူကတော့ နားလည်ပေးနိုင်တဲ့ မိသားစုကြောင့်မို့ ပြုံးပျော်ရွှင်နေနိုင်ပေမယ့် ကောင်လေးငယ်ဘက်ကို စဥ်းစားမိတဲ့အခါ မျက်ဝန်းတွေ မှုန်မှိုင်းသွား၏။ မေမေတို့ မမတို့ကတော့ နှစ်ဖက်မိဘတွေကို အဆင်ပြေအောင် ညှိယူပြီး ပြောပြနားချပေးမယ်တဲ့။ အဓိက,ကတော့ အလင်းပါဘဲ။ အလင်းနဲ့ သေချာလေး စကားပြောကြည့်မယ်လို့ မမကိုပြောတော့ သူ့အကူအညီလိုရင် ပြောပါတဲ့လေ။ မမပါ ကူပြီးပြောပေးမယ်တဲ့။

"ကြည်နူးပြီး လမ်းလျှောက်နေတာ ငါတို့ကိုပါ မမြင်တော့ဘူး "

"ဟင် ~~~~ "

"အေး အေး ငါတို့! "

စျာန်က ကိုရှင်းရဲ့ ပုခုံးကို ပိုင်ပိုင်နိုင်နိုင်ဖက်ထားရင်း ကွန့်ထူးကို ပြုံးကာ ကြည့်နေသည်။ ကွန့်ထူးက သူတို့နှစ်ယောက်ကို အကဲခတ်လိုက်ပြီးမှ

"ဘယ်လိုရောက်လာတာလဲ "

"လာ Date တာ "

"ဘယ်လို! "

"ဟုတ်တယ် ချစ်သူတွေလိုမျိုး Date ကြမလို့ "

"ကောင်းပါတယ် "

"ဒါနဲ့ အခြေအနေ ငါတို့လာမလို့က ပိုရှုပ်သွားမှာစိုးလို့ "

"ငါ့ဘက်ကတော့ အဆင်ပြေတယ် ကောင်လေးဘက်ဘဲ လိုတော့တာ "

"မင်းဖားသားကြီးက နားလည်ပေးတယ်ပေါ့ "

"အင်း နည်းနည်းတော့ ပြောရတာပေါ့ ငါ့စိတ်ချမ်းသာဖို့က အရေးကြီးတယ်တဲ့လေ "

"မိဘကောင်းလေး ရထားတာဘဲ "

စျာန်ရဲ့ တစ်ခွန်းဆိုတစ်ခွန်း ပြောချမှုမှာ ကွန့်ထူးတို့ တဟားဟားဖြင့် ပွဲကျသွားတော့သည်။ သုံးယောက်သား ရုဏ်တို့ရှိရာ ဟိုတယ်ဘက်ကို လမ်းလျှောက်ခဲ့ရင်းမှ

"ဘယ်လိုဆက်လုပ်မှာလဲ ကွန့်ထူး "

"ဖေဖေကတော့ ဘာမှဇွတ်မလုပ်နဲ့အုံးတဲ့ ရုဏ်နဲ့ သဘောတူတာမို့ ရုဏ်တိူ့ဘက်ကို နားလည်အောင် သူတို့ပြောပေးမယ်တဲ့ "

"ဒါဆို မင်းသဘောကရော "

"စောင့်တော့ မစောင့်နိုင်တော့ဘူး ကိုရှင်း! အခြေအနေက ဘာတွေဖြစ်လာအုံးမလဲ မသိသေးဘူးလေ "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now