💚 9 💚

8.7K 521 53
                                    

"အဲ့ဒါဆို မနက်ဖြန် သွားကြည့်လို့ ရပြီပေါ့ ဟုတ်လား ဖေဖေ"

"ဟုတ်တယ် သား သွားကြည့်ပြီးတော့ လိုချင်တာတွေကို ပြောခဲ့ သားစိတ်ကြိုက် စီစဥ်ခဲ့ "

"သား ဘယ်သူနဲ့ သွားရမှာလဲ "

"ဖိုးထူးခေါ်သွားလိုက် ဖေဖေ ဖိုးထူးကို ပြောထားမယ် ခြံစောင့်တဲ့လူကိုလည်း ပြောထားတယ် "

"ဟုတ်ကဲ့ ဖေဖေ "

နှင်းဆီပန်းစိုက်မလို့ မြေဝယ်ခိုင်းတဲ့ ကိစ္စကို ဖေဖေနဲ့လာဆွေးနွေးနေတာ ဖြစ်၏။ငွေအတော်အသင့် သုံးလိုက်ရပြီး ခြံပိုင်ရှင်ကလည်း ဖေဖေ့အာဏာကြောင့် နှင်းဆီပန်းတွေ အသင့်ပါပြီသား ပန်းခြံကို ရောင်းပေး၏။ရုဏ်ရုဏ်က စီးပွားဖြစ်မဟုတ်ဘဲ ဒီအတိုင်း နှင်းဆီပန်းတွေကို ချစ်လို့ဆို၍ ရောင်းပေးကြောင်း ပြောလာတော့ ကျေးဇူးတင်ရသေး၏။

"ပန်းတွေလည်း အဆင်သင့်ရှိပြီသားလို့ ပြောတယ် သား သွားကြည့်ပြီးရင် လိုချင်တဲ့ အရောင်တွေထပ်မှာခဲ့ပေါ့ "

ဖေဖေကတော့ အမြဲတမ်း သူ့လက်သူခြေနဲ့ လုပ်နိုင်အောင် စကားလမ်းကြောင်းပေးပြီး သင်ပြပေး၏။ဖေဖေ့ရဲ့ လက်စွဲဆောင်ပုဒ်ဖြစ်တဲ့ မလုပ်တတ်တာ မရှိအောင်တဲ့လေ။

"ဟုတ်ကဲ့ ဖေဖေ "

ရုဏ်ရုဏ်က ပြုံးကာ ပြောတော့ ဖေဖေက သူ့ကိုကြည့်၏။ရုဏ်ရုဏ်က မျက်နှာထားကို ပြန်တည်လိုက်တော့ ဖေဖေက ရယ်ရင်း

"​ ဖေဖေ့ သားက တကယ်ပျော်နေတာဘဲကွ "

"ဟုတ်ကဲ့ ဖေဖေ "

အမြဲတမ်းလိုလို ဖေဖေနဲ့ စကားပြောရင် မျက်နှာသေနဲ့ အပြုံးအရယ်မရှိတာကြောင့် ရုဏ်ရုဏ် ပြုံးလိုက်တဲ့အပေါ် အံ့သြနေဟန်တူ၏။

"များများပြုံးစမ်းပါ သားရဲ့ အပြုံးလှလှလေးတွေ ရှိတာကို ပြီးတော့ လူတွေနဲ့ များများတွေ့ များများပြုံးပြ "

"ပြုံးပြတာကတော့ ရပါတယ်ဖေဖေ လူတွေနဲ့ တွေ့ဖို့ကျ "

"အေး အဲဲ့ဒါကလည်း ခက်တယ် ရုဏ်ရုဏ် "

"ဟုတ် ဖေဖေ "

"ဒါနဲ့သား ကန့်သတ်နယ်မြေတွေဆီ မသွားနဲ့နော် "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now