🌩 38 🌩

8.2K 457 20
                                    


"ကွန့်ထူး "

"ဟင် မမ ~~~"

"ဒါက ဘယ်လိုအခြေအနေလဲဆိုတာ မမကို ရှင်းပြလို့ရမလား "

အခန်းဝမှာ ရပ်နေတဲ့ မမက ခက်ထန်မနေသော်လည်း တည်တင်းနေတဲ့ မျက်နှာနဲ့မို့ ကွန့်ထူးတို့နှစ်ယောက်လည်း လူချင်းခွာလိုက်ရသည်။ မမက ကွန့်ထူးရင်ခွင်ထဲက ထုတ်လိုက်တဲ့ ကောင်လေးကို ကြည့်လိုက်တဲ့အခါမှာ မျက်လုံးတွေ ပြူးကျယ်လာပြီး

"ဒါ ဒါ အလင်းရဲ့ မောင်လေး မဟုတ်ဘူးလား ပုံထဲမှာ တွေ့ဖူးတယ်"

"မမ အသံလျော့ပါအုံး ကလေး လန့်သွားမယ် ".

ကွန့်ထူး အသံက တည်တည်ငြိမ်ငြိမ်။ အရာရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးသားမို့ စိတ်အေးလက်အေးရှိနေပုံလည်းရသည်။ မမကတော့ မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေဖြင့် ကွန့်ထူးကိုတစ်လှည့် ရုဏ်ရုဏ့်ကိုတစ်လှည့် ကြည့်လို့နေသည်။ ကွန့်ထူးကတော့ လန့်နေသည့်ကောင်လေးကို ပါးပြင်လေးကို ဖွဖွကိုင်ကာ ချော့မြှူလျှက်ရှိနေသည်။

"ပြောပါအုံး ကိုကွန့်ရယ် ဟင် အခု သားဘာတွေလုပ်နေလည်းဆိုတာ သိရဲ့လား "

မမျှော်လင့်ထားတဲ့ အခြေအနေမို့ မမမှာလည်း ယူကြုံးမရခြင်းတွေနဲ့ အသံတွေ တုန်ယင်ကာ မေးလာသည်။ ကွန့်ထူးလည်း မမကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း

"မမမြင်တဲ့ အတိုင်းဘဲ သားတို့နှစ်ယောက်က မေတ္တာမျှနေကြတာပါ သား ရုဏ်ရုဏ့်ကို ချစ်တယ် မမ "

"အို! မဟုတ်သေးပါဘူး သားရယ် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုတာ ရှိသေးတယ်လေ ပြီးတော့ ကောင်မလေးကိုလည်း အားနာဖို့ သိပ်ကောင်းတယ် "

"ကျွန်တော် ဘာကိုမှ ဂရုမစိုက်ဘူး မမ! ကျွန်တော့်နှလုံးသားက သူမှသူ ဖြစ်နေပြီ သူ့ကိုမရရင် ကျွန်တော်သေမှာ သား သေသွားလိမ့်မယ် မမ "

ကွန့်ထူးစကားဆုံးတော့ မမက အံ့သြကြီးစွာဖြင့် ကြည့်လာသည်။ မယုံကြည်နိုင်ဖြစ်နေတဲ့ အခြေအနေက အထင်းသား ပေါ်လွင်နေ၏။ ပြီးနောက် ဘာပြန်ပြောရမလဲ မသိတဲ့အမူအယာဖြင့် သက်ပြင်းတွေလည်း ချနေသည်။ပြီးမှ

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now