😙 26 😙

7.8K 443 22
                                    

ကျောပိုးအိတ်လေး လွယ်ကာ အစ်မတွေနဲ့ အတူတူထွက်သွားတဲ့ ရုဏ်ရုဏ်လေးကို အပေါ်ထပ် ဝရံတာကနေ ကွန့်ထူး ငေးကြည့်နေမိသည်။ ကလေးတစ်ယောက်လို အရိပ်တကြည့်ကြည့်ဖြင့် ချစ်နေရခြင်းတွေ။ တစ်စုံတစ်ယောက်ကို ချစ်ရတာက ဒီလောက်တောင် ကြည်နူးဖို့ကောင်းသတဲ့လား။ နာမည်လေးကြားရုံနဲ့ သူ့အကြောင်းလေး တွေးမိရုံနဲ့ နှလုံးသားတစ်ခုလုံး နွေးထွေးပြီး တအုံနွေးနွေးဖြင့် တသိမ်သိမ့် ကြည်နူးရခြင်းတွေက ချစ်ဖူးမှသာ သိနိုင်မည့် ခံစားချက်တွေ ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ ပိုချစ်လာရခြင်းတွေမှာ ကောင်လေးငယ် ငြင်းဆန်နေခဲ့လည်း  ကွန့်ထူး နည်းနည်းလေးတောင် စိတ်မပျက်ခဲ့။ မချစ်ဖူးတော့ အချစ်ရူးတယ်ဘဲဆိုဆို နေ့နေ့ညည ကောင်လေးငယ်ကိုသာ မြင်ချင်နေတဲ့ အဖြစ်တွေ။ ချစ်သူရည်းစားတွေလို နီးနီးကပ်ကပ်ရှိခွင့်ရနေလည်း အပိုင်လိုချင်နေတဲ့ ခံစားချက်တွေ။ မောင့်အာရုဏ်ဦးဟာ သူ့အပေါ် သိပ်ကို စိုးမိုးထားနိုင်လွန်းသည်။ ဘဝနေ့ရက်တွေကို ဘယ်လိုဘယ်ပုံရှေ့ဆက်မလဲဆိုတာ ကွန့်ထူး မတွေးထား။သို့ပေမယ့် ရှေ့ဆက်ရမယ့် ဘဝနေ့ရက်တွေမှာတော့ ဒီကောင်လေး ပါမှကို ဖြစ်မည်။

"မောင့်ကို မချစ်ဘဲမနေနိုင်အောင် မင်းဘဲလုပ်နိုင်တယ် ရုဏ်ရုဏ် "

တကယ်လည်း မချစ်ဘဲနဲ့ကို မနေနိုင်ခဲ့ပါဘူး။ ကိုယ့်စိတ်ကိုယ်မသိဘဲ ညီလေးအဖြစ် မွေးစားချင်ခဲ့တာတွေ၊ စောင့်ရှောက်ပေးချင်တာတွေ၊ ကာကွယ်ပေးခဲ့ချင်တာတွေ၊ ဒီကောင်လေးငယ်ရဲ့ အရိပ်လို ရှိချင်နေခဲ့တာတွေက အချစ်ကြောင့်တဲ့။ မချစ်ခင်တုန်းထဲက ရင်ထဲမှာ ငြိတွယ်နေခဲ့သလို ချစ်မိသွားချိန်မှာလည်း မောင့်အာရုဏ်ဦးဟာ ကွန့်ထူးအတွက်တော့ မရှိမဖြစ် အသက်ဓာတ်ကလေးဘဲ။ ရေသောက်မြစ်ကလေး၊ အမြဲတမ်းဘေးနားခေါ်ထားချင်မိတဲ့ သက်ရှိကလေးဘဲ။

"ချစ်လိုက်ရတာတွေ "

ခွဲရတာ ဘယ်လောက်မှ မကြာသေးတဲ့အချိန်မှာတောင် ကွန့်ထူး လွမ်းဆွတ်နေပြီ။ ဝရံတာကို နောက်ကျောပေးကာ ရပ်နေရင်း အခန်းလေးဆီ ငေးကြည့်မိတော့ ကောင်လေးငယ်ရဲ့ ပုံရိပ်လေးတွေ အငွေ့အသက်လေးတွေက နေရာအနှံ့။စာကြည့်စားပွဲမှာ ထိုင်နေတဲ့ ပုံရိပ်လေးတွေ၊ အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ စာကျက်နေတဲ့ ပုံရိပ်လေးတွေကို မြင်ယောင်မိလာချိန်မှာတော့ ကိုယ့်ခေါင်းကိုယ်ပြန်ရိုက်ကာ ငါ ရူးနေပြီဘဲလို့ ရေရွတ်ရတဲ့အထိ မောင့်အာရုဏ်လေးကို သူ လွမ်းဆွတ်နေခဲ့မိသည်။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now