🍂 7 🍂

8.9K 532 32
                                    

"ရ ရပြီ ကိုကွန့် "

ခါးသေးသေးသွယ်သွယ်ကို ပိုင်ပိုင်နိုင်နိုင်ဖက်ကာ အိမ်ထဲထိ ရောက်အောင် ပို့ပေးတဲ့ ကိုကွန့်ကြောင့် ရုဏ်ရုဏ့်မှာ မျက်လွှာလေးချကာ မျက်နှာနီနီလေးဖြင့် အရှက်ပိုနေမိ၏။

"ဟယ် ရုဏ်ရုဏ် ဘာဖြစ်လာတာလဲ "

"ဟို ချော်လဲလာလို့ မမကြီး "

"ကိုကွန့်လိုက်ပို့တာဘဲ "

"ဟုတ်တယ် အလင်း "

"ကဲကဲ ကိုကွန့်ဘဲ အိမ်ပေါ် တွဲတင်ပေးလိုက်ပါကွယ် ရုဏ်ရုဏ် ဆေးလိမ်းအုံးနော် "

"ဟုတ် မေမေ "

TV အကြည့်မပျက်ပါဘဲ ပြောလာတဲ့ ရုဏ်ရုဏ့်အမေနှင့် ရုဏ်ရုဏ့်ရဲ့ အစ်မများကြောင့် ကွန့်ထူး စိတ်ထဲခုသွားရ၏။အိမ်က အငယ်ဆုံးလေး ထိခိုက်လာတာကို ပျာပျာသလဲ မရှိကြဘဲ TV အကြည့်မပျက် လစ်လျူရှုနိုင်ကြတာ ဘာကြောင့်ပါလိမ့်။ သူများမိသားစု၏ အရေးကိစ္စမို့ ဘာမှဝင်မပြောနေတော့ဘဲ ရုဏ်ရုဏ့်ကိုသာ ခပ်တင်းတင်းပွေ့ဖက်ကာ အပေါ်ထပ်ရှိ ရုဏ်ရုဏ့်အိပ်ခန်းသို့ ခေါ်လာခဲ့လိုက်၏။

"ဟို ကျေး ကျေးဇူးပါနော် ကိုကွန့် "

"ရပါတယ်ဗျာ "

အခန်းမီးလေးကို စမ်းဖွင့်လိုက်တော့ ဝါ့ကျင့်ကျင့်မီးရောင်လေးက ဖြန့်ကျက်လာပြီး အခန်းတွင်းကို ရှင်းရှင်းလင်းလင်း မြင်ရတာကြောင့် ကိုကွန့်က နီးစပ်ရာ ခုံလေးပေါ် ထိုင်ချစေ၏။

"ကိုယ် ဆေးလိမ်းပေးခဲ့မယ်လေ ကျောကုန်းကိုဆိုတော့ ရုဏ်ရုဏ့်ဘာသာဆို အဆင်မပြေလောက်ဘူး "

ကိုကွန့်က ပုံမှန်လို ပြောနေပေမယ့် ရုဏ်ရုဏ့်မှာတော့ ရှက်သွေးတဖြန်းဖြန်းထသွားပြီး မျက်နှာလေးမှာ ပူပြီနီလာတာများ ကြက်ဥတောင်ကြော်လို့ရနေလောက်ပြီ။ဘယ်လိုလုပ်ပြီး ကိုကွန့်ကို လိမ်းခိုင်းလို့အဆင်ပြေပါ့မလဲ။ရှက်လို့သေရချည်ရဲ့။

"ဟင့်အင်း ရပါတယ် ပျောက်သွားလိမ့်မယ် "

"ဆေးလိမ်းမှ ပျောက်မှာပေါ့ရုဏ်ရယ် ဒီအတိုင်းဆို ပျောက်မလား "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now