😘 16😘

9.2K 514 56
                                    

ရုဏ်ရုဏ့်ကို ခေါ်တင်လာသော ကားလေးသည် ဦးတည်ရာမရှိ တစ်လမ်းဝင်တစ်လမ်းထွက်လျှက်။ ရင်ထဲမှာလည်း ဘာကိုဒေါသထွက်မှန်း မသိတဲ့ စိတ်တွေဟာ ကြီးစိုးနေတာမို့ သူ့အကြမ်းပတမ်းနိုင်မှုတွေကြောင့် မောင့်အာရုဏ်ဦးလေး လန့်သွားမလားဆိုတာ မတွေးအားနေ။ မျက်လုံးထဲမယ် ရုဏ်ရုဏ့်ပါးပြင်ကို ဟိုသကောင့်သား ထိကပ်လိုက်တဲ့ မြင်ကွင်းသာ ထပ်တလဲလဲပေါ်နေပြီး သူ့အပူမီးကို အလျှံတညီးညီးဖြင့် တောက်လောင်နေစေ၏။

"တောက်!!!! "

ဒေါသတကြီး တောက်ခေါက်သံကြောင့် တုန်ယင်သွားတဲ့ ကိုယ်လုံးလေး။ ဘာတွေက ကိုကို့ကို ဒေါသထွက်နေစေသလဲ။ နောက်မှာ ကျန်ခဲ့တဲ့ စေ့စပ်ပွဲကရော။ ရုဏ်ရုဏ့်မှာလည်း ခေါင်းတွေထူပူနေပြီး ဘာလုပ်ရမှန်းမသိ။ဦးတည်ရာမဲ့နေတဲ့ ကားလေးဟာ လူရှင်းတဲ့ လမ်းသွယ်လေးထဲ ထိုးရပ်သွား၏။ကားထဲကနေ ကမူးရှုးထိုးဆင်းသွားသူကို အံ့သြစွာလိုက်ကြည့်နေတုန်း ရုဏ်ရုဏ့်ဘက်ခြမ်းသို့ ရောက်ရှိလာပြီး ကားတံခါးကို ဖွင့်ကာ လက်မောင်းက​နေ ဆောင့်ဆွဲယူခံလိုက်ရ၏။

"ကိုကွန့် "

မျက်ဝန်းတွေက နီရဲနေသလို ဒေါသတွေကိုလည်း ချုပ်တည်းနေရဟန်။ တစ်လျှောက်လုံး ကိုကွန့် ဒီလိုမျိုး ဒေါသထွက်တာမျိုး တစ်ခါမှ မမြင်ဖူးခဲ့။ ကွန်ံ့ထူးထည်ဝါဆိုတဲ့သူက ရုဏ်ရုဏ့်အပေါ်ကိုဆို နူးညံ့ကြင်နာစွာ ဆက်ဆံတတ်တဲ့သူ မဟုတ်လား။ လက်မောင်းရင်းကနေ ဆောင့်ဆွဲခံရခြင်းနှင့်အတူ ရုဏ်ရုဏ့်ခန္ဓာကိုယ်သေးသေးလေးဟာ ကားဘော်ဒီနဲ့ ကိုကွန့်ရင်ခွင်ကြား ညှပ်သွားရပြီး မလူးသာ မလွန့်သာ။အခြေအနေက မော့တောင်မကြည့်ရဲ့တဲ့ အခြေအနေ။
ကိုကွန့်က ဘာမှမပြောဘဲ ရုဏ်ရုဏ့်မျက်နှာကို မေးဖျားကနေ ပင့်ကိုင်ကာ အပြန်ပြန်အလှန်လှန် ကြည့်နေတာမို့ ရုဏ်ရုဏ့်မှာ ရှက်ရွံ့စွာ မျက်လွှာတွေ ချထားမိ၏။ ဒီအခြေအနေက ဘာအခြေအနေကြီးလဲ အသက်တောင် မရူရဲအောင်ဘဲ။

"ဟင်း ~~~~~ "

မျက်နှာနုနုကို အကြိမ်ကြိမ်ကြည့်ပြီး နောက်ဆုံး သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ကိုယ့်ရှေ့က ကလေးက ယုန်သူငယ်လေးလို တုန်တုန်ယင်ယင်။ သူ့မျက်နှာကိုတောင် စေ့စေ့မကြည့်ရဲဘဲ စိတ်လှုပ်ရှားရင်ဖြစ်ဖြစ် ကြောက်ရင်ဖြစ်ဖြစ် မျက်တောင်ကို​ တဖျက်ဖျက်ခတ်တတ်တဲ့သူက မျက်လွှာချထားတယ်ဆိုထဲက ဘယ်လောက်ကြောက်နေသလဲဆိုတာ သူ ရိပ်မိလိုက်ပြီ။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now