🍄 33 🍄

7.9K 435 27
                                    

"ငါတို့ ချစ်သူတွေ ဖြစ်သွားပြီ "

မနက်စောစောစီးစီး Group chat ထဲ စာရောက်လာပုံထောက်ရင် ဘယ်အချိန်ထဲက ကြွားချင်နေမှန်းမသိ။

"ရုဏ်က ငါ့ကို ချစ်တယ်တဲ့ "

ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့တင် ကွန့်ထူးထည်ဝါရဲ့ မျက်နှာ ပြုံးဖြီးနေမှာ အသေအချာ။

"သိလားလို့ ငါပြောတာ !!"

နေရာအသီးသီးကလူတွေက စာကို ကိုယ်စီကြည့်သွားကြသော်လည်း ပြန်စကားက တစ်ယောက်စီကမှ မလာ။ ကြွားချင်တဲ့သူမှာ ဆန့်တန့်ငန့်တန့်ဖြင့်။

"မင်းတို့ကောင်တွေ စာကြည့်ပြီး ဘာလို့ပြန်မဖြေတာလဲ "

ဒေါသထွက်နေတဲ့ sticker ပုံတွေပါ တန်းစီပြီးပို့လာတဲ့ ကွန့်ထူးကို ကြည့်ကာ ကျန်တဲ့လေးယောက် ကြိတ်ပြုံးမိကြတော့သည်။ ကွန့်ထူးထည်ဝါ ဒေါသထွက်ရင် ကြောင်ပေါက်လေးလိုမျိုး ချစ်စရာကောင်းလွန်းတယ်လေ။

"အေး မဖြေကြနဲ့ မဖြေကြနဲ့ "

စျာန် : "ဟား ဟား ဘာဖြစ်တာလဲ မင်းကလည်း! Congratulations ဖေ့သားလေး ငါ့နီးနီးတော်လာပြီ "

ကွန့် : "ဘောကို ဖေ့သားလေး ငါ့နီးနီးတော်လာပြီ ပြောရအောင် ငါက တရားဝင် ချစ်သူဖြစ်တာကွ "

အကျောမခံနိုင်သူက အားကျမခံ ပြန်​ကြွားပြန်တော့ စျာန့်မှာ ထရိုက်ချင်စိတ် တဖွားဖွား။ ဒီအချိန်မှာ ကွန့်ထူးထည်ဝါတို့က စင်ပေါ်ကဆိုတော့ မော်ကြွားနိုင်တာပေါ့။

ရှင်း : " အခုမွေးစားချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို သိသွားပြီလား "

ကွန့် : "ဟီး!! အခုတော့ အပိုင်ဘဲ လိုချင်တော့တယ် "

ဂျူး : "သာယာပါတယ် အားကျပါတယ်ကွာ ငါတို့မရနိုင်တဲ့ဘဝတွေ "

ကွန့်: "အာချောင်နေပြန်ပြီ ဂျိမ်းကို ဘယ်ချောင်ထိုးလိုက်လဲ "

ဂျူး: " မင်းမသိပါဘူး ကိုကွန့်ရာ "

စျာန်: "ဘာလဲ ဂျိမ်းက အဖြေပြန်မပေးသေးလို့လား "

ဂျူး: "ဘာကို အဖြေပြန်မပေးရမှာလဲ သူအရင်ဖွင့်ပြောတာပါနော်"

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now