Chapter 1_U

33.8K 1.7K 49
                                    

ပြတင်းပေါက်မှ နေအလင်းရောင်က သူ၏မျက်နှာတည့်တည့်ကို ထိုးလာပြီး နေအလင်းရောင်နှင့် အနွေးဓာတ်ကို ခံစားမိတာကြောင့် ခန့်မင်းညို နိုးလာခဲ့သည်။

မျက်လုံးဖွင့်လိုက်သည့်အခိုက် မြင်လိုက်ရသောမျက်နှာကျက်ကြောင့် ဘေးပတ်ပတ်လည်ကိုကြည့်မိစဉ် သူနှင့်စိမ်းသက်နေသည့်ပတ်ဝန်းကျင်သို့ ရောက်ရှိနေကြောင်း ခန့်မင်းညို သတိပြုမိလိုက်၏။

ထိုအချိန်မှာပဲ အခန်းတံခါးခေါက်သံအတူ နှင့် ယောက်ျားလေးတစ်ယောက်၏ အသံကို ခန့်မင်းညို ကြားလိုက်ရသည်။

"ကိုညို ကျွန်တော်ဝင်လာမယ်နော်"

အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေသည့် ခန့်မင်းညိုမှာ ရှည်ရှည်ဝေးဝေးမတွေးနိုင်တော့ဘဲ အခန်းအတွင်းမှ တုန့်ပြန်စကားပြောလိုက်တော့သည်။

"ဟုတ်ကဲ့ ဝင်ခဲ့ပါ"

အခန်းထဲမှထွက်ပေါ်လာသည့် ကိုညို၏တုန့်ပြန်စကားကြောင့် မင်းမြတ်သူတစ်ယောက် တံခါးဝ၌ ကြောင်တောင်တောင်လေးခဏရပ်တန့်သွားမိသည်။

'အခန်းထဲတခြားတစ်ယောက်ယောက်များရှိနေတာလား'

တံခါးကိုဖြည်းညင်းစွာဖွင့်ပြီးနောက် အခန်းထဲသို့ကြည့်မိလိုက်သည့်အခိုက် အခြားမည်သူ့ကိုမှ မတွေ့ရဘဲ ကိုညိုတစ်ယောက်တည်းကိုသာတွေ့လိုက်ရတာကြောင့် မင်းမြတ်သူမှာ အံ့ဩသွားရတော့သည်။

တစ်ဖက်မှ ခန့်မင်းညိုတစ်ယောက်ကတော့ အခန်းတံခါးပေါက်မှဝင်လာသည့် လူငယ်လေးကိုမင်သက်စွာ ကြည့်နေမိ၏။

ထိုလူငယ်လေးမှာ အသားဖြူဖြူနှင့် အရပ်ကတော့ ၅ပေ ၇လက်မခန့်ရှိလောက်မည်။

နှုတ်ခမ်းလေးဖူးဖူးလေးကိုမှ ခပ်ရဲရဲလေး။

မျက်လုံးလေးဝိုင်းဝိုင်းလေးပေါ်မှ ကော့ညွှတ်ရှည်လှသော မျက်တောင်ထူထူလေး တဖြတ်ဖြတ်ခပ်နေပုံက ယပ်တောင်လေးသဖွယ်။

ကြည်စင်နေသော အသားအရေနှင့်အတူမျက်နှာဝိုင်းလေးနှင့် လှရက်လိုက်တာဟုတွေးမိရင်းက ခန့်မင်းညိုတံတွေးပင်မျိုချမိသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now