Chapter 20_Z

3.6K 154 5
                                    

ဈာန် ထပ်မံတွေးတောကြည့်လိုက်တော့ သူ့မှတ်ဉာဏ်တွင်းတွင် ထိုအဖြစ်ဆိုးများမစတင်သေးသလို မည်သည့်မိသားစုဝင်ကိုမှ မဆုံးရှုံးသေးသည့်မှတ်ဉာဏ်များလည်းရှိနေသေးသည်။

ထိုမှတ်ဉာဏ်များအတွင်းတွင် သူ့အစ်ကိုကြီးမှာ မဆုံးပါးသေးသည့်အပြင် အရင်လိုမဆိုးသွမ်းပဲ လိမ္မာနေကာ သူ့ဖခင်မှာလည်း နေကောင်းကျန်းမာလျက်ပင်ရှိသေးသည်။

ဈာန်တွေးနေတုန်း ကိုကြီးအိမ်သို့ရောက်ပြီမို့ အတွေးများက ရပ်တန့်သွားခဲ့သည်။

ဦးကျင်သောင်းက ဈာန်နှင့် ခန့်မင်းညိုအား အိမ်အတွင်းသို့အရင်ဝင်ခိုင်းလိုက်ပြီး သူကတော့ ခြံဝတွင်ကျန်ခဲ့ကာ တစ်စုံတစ်ခုကိုရေရွတ်နေသည်။

ထိုနောက်တွင်တော့ အမျိုးသမီးတစ်ဦးက ရောက်လာကာ ဘကြီးနှင့် အတူခြံဝင်းအတွင်းသို့ဝင်လာခဲ့သည်။

ဦးကျင်သောင်းက ဧည့်ခန်းအတွင်းသို့ ဝင်ထိုင်လိုက်ပြီး ဘုရားစင်ပေါ်မှ မြတ်စွာဘုရားရှင်၏ရုပ်ပွားတော်အား အရင် ပူဇော်ကန်တော့လိုက်သည်။

ကန်တော့ပြီးနောက် ဘကြီးက ထိုင်နေသည့် လူသုံးယောက်ဘက်သို့လှည့်ကာ ပြောလာ၏။

"ကဲ ဒီက ကလေးမ ဖြစ်ကြောင်းကုန်စင်ကို သူတို့ကိုပြောပြလိုက်"

ထိုအမျိုးသမီးမှာ ဈာန့်အား အမည်မသိအမှုန်များဖြင့်ပက်ခဲ့သည့် အမျိုးသမီးဖြစ်ပြီး မနေ့ညက တွေ့ခဲ့သည့် အမျိုးသမီးကြီးပုံစံနှင့် မတူတော့ဘဲ ချောမောလှပသည့် အမျိုးသမီးငယ်တစ်ယောက်အသွင်ဖြင့် သူတို့ရှေ့တွင်ထိုင်နေခဲ့သည်။

"ငါက တန်ခိုးအစွမ်းအနည်းငယ်ရှိတဲ့ ဂန္ဓဗ္ဗနတ်မျိုးနွယ်ဝင်တစ်ယောက်ပါ ... ဒီကိုရောက်လာတဲ့အကြောင်းအရင်းကတော့ ငါ ပေးထားတဲ့ကတိကိုလာဖြည့်ဆည်းတာပါ"

"ငါက ကာလအပိုင်းအခြားတစ်ခုမှာ သေဆုံးခဲ့တဲ့လူတစ်ယောက်ကို အတိတ်ရဲ့ကာလအပိုင်းအခြားတစ်ခုမှာ ပြန်လည်မွေးဖွားနိုင်အောင်လုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပဲ"

သူမမှာ ထိုသို့သော အစွမ်းရှိသော်လည်း သူမ၏ တစ်သက်တာမှာ လူတစ်ယောက်ကိုသာ ပြန်လည်မွေးဖွားနိုင်အောင် ပြုလုပ်နိုင်ခြင်းဖြစ်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now