အချပ်ပို - ၂ (U)

12.2K 933 107
                                    

မြတ်မင်းမောင်မှာတော့ ယခုအခြေအနေကြီးနှင့် ရုတ်တရက်စကားများလာသည့် တေဇ၏ စကားများကြောင့် အံ့ဩနေမိကာ ကြောင်အနေမိသည်။

နေ နေပါဦး တေဇက သဝန်တိုနေလား။

တေဇက ငါ့ ငါ့ကို ချစ်နေတာလား။

အဲတာဆို ဟို ဟိန်းသူရဦးဆိုတဲ့ ကောင်ကရော။

အတွေးကမ္ဘာထဲကျရောက်နေသည့် မြတ်မင်းမောင်က တေဇ၏စကားကြောင့်ပြန်သတိဝင်လာသည်။

"ဘာတွေတွေးနေတာလဲ ကိုကို"

"တေဇ မင်းငါ့ကိုဘာတွေပြောနေတာလဲ ... ငါဘာမှ လိုက်မမှီဘူး ... နောက်ပြီး မင်းငါ့ကို ဒီလိုလုပ်လို့မရဘူးလေ မင်းမှာလည်း မင်းကောင်လေးနဲ့ဟာ"

မြတ်မင်းမောင်စကားကြောင့် တေဇက မျက်မှောင်ကြုံ့သည်။

"ကျွန်တော့်ကောင်လေး က ကိုကိုလေ"

တေဇ၏ စကားကြောင့် မြတ်မင်းမောင်၏ မျက်နှာလေးပူနွေးသွားပြီး ထွက်ချင်စပြုနေသည့် ဒေါသလေးက ပြန်ဝင်သွားသည်။

"ဘာတွေလျှောက်ပြောနေတာလဲ ...ငါ ငါကဘာလို့မင်းကောင်လေးဖြစ်ရမှာလဲ ... မင်းနဲ့ ဟိန်းသူရဦးနဲ့က တွဲနေကြတာမလား"

"ပေါက်ပေါက်ရှာရှာ ကိုကိုရာ ဘာကိစ္စနဲ့ ကျွန်တော်က သူနဲ့တွဲရမှာတုန်း"

"ကျောင်းမှာ အဲ့လိုပဲ သတင်းထွက်နေတာလေ ... နောက်ပြီးတော့ မင်းတို့နှစ်ယောက်ကလည်း တတွဲတွဲနဲ့"

"ပေါက်ကရတွေ သူ့မှာ သူကြိုက်နေတဲ့သူသပ်သပ်ရှိတယ် ... နောက်ပြီး ကျွန်တော်တို့ တတွဲတွဲဖြစ်နေတယ်ဆိုတာကလည်း ကျွန်တော်တို့ ပထမနှစ်ကျောင်းသားအချို့စုပြီး သွေးအလှူရှင်အသင်းထောင်ထားတာ ... အစက အဲ့အသင်းမှာ သူနဲ့ ဝေမိုးထွန်းက ဦးစီးဦးဆောင်လုပ်ကြတာ ... နောက် ဝေမိုးထွန်းက သူ့အိမ်ကိစ္စကြောင့် ကျောင်းနားလိုက်တော့ ဝေမိုးထွန်းအစားကျွန်တော်က ဝင်ကူပေးရတာ"

အသက် ၁၈ နှစ်အထိ တေဇမှာ ဒီလောက်စကားအများကြီးမပြောဖူး။

သို့ပေသိ ရင်ခွင်ထဲက သူ့ရဲ့ ကိုကို အထင်မလွဲဖို့ရာ အတတ်နိုင်ဆုံးရှင်းပြမှဖြစ်မည်လေ။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now