Chapter 16_U

13.7K 1.1K 50
                                    

"အဲတော့ ကိုခန့်က ဆိုင်ခန်းတွေကို ပေနှစ်ဆယ်ပတ်လည် တစ်ဆက်တည်းဆောက်မယ် ... နောက်ပြီး ဆိုင်ခန်းတွေနောက်မှာ အဆောင်ဆောက်မယ်ပေါ့"

"ဟုတ်တယ် ဦးလေး"

ဧည့်ခန်းအတွင်းတွင် ခန့်မင်းညိုနှင့် ဦးပြည့်ဖြိုးတို့ ခန့်မင်းညို၏ ခက်မမြို့ပေါ်ကခြံအတွင်း အဆောက်အဦးဆောက်ရန် အတွက် ဆွေးနွေးနေစဉ် ဘေးတွင် လေးလေးနက်နက်နားထောင်နေသော ဘုန်းမိုရ်က ခန့်မင်းညိုတို့ စကားဝိုင်းအတွင်း ဝင်ပြောလာသည်။

"နေဦး ကျွန်တော် တစ်ခုလောက်ဝင်ပြီး အကြံပေးပါရစေ ... အကောင်အထည်ဖော်တာ၊ လုပ်တာ၊ မလုပ်တာက ကိုခန့်တို့အပိုင်းပါ "

ခန့်မင်းညိုက

"ဟုတ်ကဲ့ ကိုဘုန်းမိုရ် ပြောပါခင်ဗျ "

"ကိုခန့် ဝယ်ထားတဲ့ ခြံ အနောက်ဖက်ခြမ်း လမ်းပဲခြားတယ် အဲ့နေရာက မြေကွက်လပ်ကွင်းပြင်ကျယ်ကြီးကို သတိထားမိလား"

ခန့်မင်းညိုနှင့် ဦးပြည့်ဖြိုးက ခေါင်းညိတ်တော့ ဘုန်းမိုရ်ကဆက်ပြောသည်။

"အဲ့တာက ဝန်ကြီးဟောင်းတစ်ဦးက ပိုင်တဲ့မြေကွက်လပ်ကြီး ... အဲဒီမြေကွက်လပ်ကြီးမှာ ဒီနှစ်ကုန် ဈေးဝယ်စင်တာတစ်ခုဆောက်မယ့်ပရောဂျက်ရှိတယ် ... အစိုးရက ခွင့်ပြုထားပြီးဖြစ်သလို အကောင်အထည်ဖော်မှာကလည်း လုံးဝကျိန်းသေတယ်"

"နောက်ပြီး တက္ကသိုလ်ရဲ့ မျက်စောင်းထိုးလောက်မှာ ပုဂ္ဂလိကဘဏ်တစ်ခုဆောက်ဖို့ရှိတယ် ... နောက်တစ်ခုက အခုကိုခန့်တို့ခြံရဲ့ အရှေ့ဘက်ခြမ်း ခြံနဲ့ သိပ်မဝေးဘူး ဆယ်မိနစ်လောက် လမ်းလျှောက်ရင်ကို ရောက်ပြီ ... ခက်မ - ၂၁ လမ်း လမ်းဘေးမှာပဲ ပုဂ္ဂလိကဆေးရုံဆောက်ဖို့ လျှောက်ထားတာရှိတယ် ... မကြာခင် ခွင့်ပြုချက်ရပြီး သိပ်မကြာခင်အကောင်အထည်ဖော်တော့မှာပဲ "

"သေချာစဉ်းစားကြည့်ရင် ကိုခန့်က တော်တော်လေးကို ကံကောင်းတာနော် ... နောက်တစ်နှစ် နှစ်နှစ်အတွင်း တကယ့် အဓိကဖြစ်မယ့်နေရာကြီးကို ဈေးသက်သက်သာသာနဲ့ရလိုက်တာ "

ဦးပြည့်ဖြိုးကလည်း ဘုန်းမိုရ်၏စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလာသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now