Chapter 37_U

10.3K 883 53
                                    

ခန့်မင်းညိုက ဒီနေ့ မနက်စောစောထကာ ကြက်သားဆန်ပြုတ်ပြုတ်သည်။

သားကလည်း အစောကြီးနိုးနေတာကြောင့် မြတ်လေးအား ဆန်ပြုတ်အိုးကြည့်ခိုင်းထားကာ ခန့်မင်းညိုတို့ သားအဖနှစ်ယောက် အီကြာကွေးသွားဝယ်သည်။

ခန့်မင်းညိုက အီကြာကွေး အပြင် သူ့အတွက် လက်ဖက်ရည်ပါဆယ်ဝယ်ကာ မြတ်လေးနှင့်သားအတွက်နွားနို့ပါဝယ်လိုက်၏။

"နို့ နို့ "

"ဟုတ်တယ် သားသားအတွက် နို့နို့ ဝယ်နေတာ"

လက်ဖက်ရည်ဆိုင်က ခန့်မင်းညိုတို့ နေသည့် အိမ်နှင့် သိပ်မဝေး။

နေ့တိုင်းလိုလို လက်ဖက်ရည်နှင့် နွားနို့ ဝယ်တာကြောင့် ဆိုင်က စားပွဲထိုးများ၊ ဆိုင်ရှင်များနှင့်ပင် ရင်းနှီးနေပြီဖြစ်သည်။

"သားသား အတွက် နို့နို့ ပိုထည့်ပေးလိုက်တယ်နော်"

"ကျေးဇူးပါဗျ လို့ပြောလိုက် သားသား"

"ဂျူးဂျူး"

"အမလေး တတ်ချက်တော် ... ဘယ်နှစ်နှစ်ရှိပြီလဲ "

"ဆယ့်တစ်လခွဲရှိပြီဗျ"

"အတတ်ကလေး"

"သွားလိုက်ပါဦးမယ်ဗျ"

"သားသား ဒေါ်ဒေါ့်ကို တာ့တာပြလိုက်ပါဦး"

"တာ့" ဟုဆိုကာ သားက တာ့တာပြသည့်အပြင် ဖလိုင်းကစ်စ်များပါ အဆစ်ထပ်ပေးလိုက်သေးသည်။

အဲ့လို တတ်လို့လည်း ဒီပတ်ဝန်းကျင်နှင့် ဆိုင်သို့လာသည့်သူများက သားသားဆို ချစ်ကြတာဖြစ်သည်။

သားအဖနှစ်ယောက် အိမ်ပြန်ရောက်တော့ ဈာန်တို့ လင်ခင်ပွန်းနှစ်ယောက်က အိမ်သို့ရောက်နေကြသည်။

"ဟာ ... ဈာန် ကိုဘုန်းမိုရ် အစောကြီးရောက်နေကြပါလား ဘာကိစ္စရှိလို့လဲ"

"ဂျမ် ဂျမ် ချီ ချီ"

"ဂျမ် က ချီလို့ရသေးဘူး ဗိုက်ထဲမှာ ကလေးလေးရှိနေလို့ ဦးကပဲချီမယ်နော်" ဟုဆိုကာ ဘုန်းမိုရ်က ခန့်မင်းညို လက်ထဲမှ သားကိုချီလိုက်သည်။

ခန့်မင်းညိုနှင့် မြတ်လေးကတော့ ဘုန်းမိုရ်စကားကြောင့် အံ့ဩသွားရသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now