Chapter 28_U

12.2K 1K 46
                                    

ဈာန်နိုးလာတော့ မနက်ငါးနာရီကျော်ဖြစ်သည်။

အကျင့်ဖြစ်နေသောမျက်လုံးများက ဘယ်လောက်ပဲနောက်ကျမှအိပ်အိပ် မနက်ငါးနာရီဆိုလျှင် အလိုလိုပွင့်လာတတ်သည်။

ဈာန်အိပ်ချင်မူးတူးအခြေအနေမှ အသိဝင်လာတော့ သူအခု ဦးလက်မောင်းအားခေါင်းအုံးထားကာ ဦး၏ရင်ခွင်ကျယ်ကြီးထဲရောက်နေကြောင်း သတိပြုမိသွားသည်။

အခုထိ အဝတ်မကပ်သေးသောကိုယ်နှင့် ညက ဦးနှင့်အတူ ချစ်ပွဲဝင်ခဲ့ရသည့်အကြောင်းများအား ပြန်တွေးမိတော့ ဈာန့်မျက်နှာလေးရဲလာကာ ရှက်လာပြီး ဦး၏ ခါးကိုဖက်လိုက်ကာ ရင်ခွင်ကျယ်ကြီးအား မျက်နှာအပ်မိတော့သည်။

"နိုးနေပြီလား ကလေးလေး ပြန်အိပ်ဦးလေ အစောကြီးရှိသေးတာကို ညကပင်ပန်းထားတယ်မလား"

ဈာန်အရှက်သည်းနေတုန်း သူ၏ခေါင်းထက်မှ ဦး၏ ဩရှပြီး နူးညံ့သောလေယူလေသိမ်းလေးဖြင့်ပြောလာသည့်အသံကြောင့် ဦးအားမော့ကြည့်မိတော့ ဦးက ပြုံးကာသူ့အားကြည့်နေသည်။

ဈာန်ယောင်ယမ်းပြီးခေါင်းခါလိုက်မိသည်။

ဒိတ် ဒိတ် ... ဒိတ် ဒိတ်

'အားးး ငါ့ယောက်ျားက အရမ်းချောတာပဲ'

ဈာန်တစ်ယောက် ဦး၏အပြုံးကြောင့် ရင်ခုန်သံစည်းချက်များပင်မမှန်ချင်တော့။

'ရုပ်ချောလွန်းတဲ့ ယောက်ျားကိုရထား ရတာလည်း ရင်အခုန်လွန်ပြီး ကြာရင်နှလုံးရောဂါရနိုင်တယ် ... ရှေ့လျှောက် နှလုံးအားကောင်းတဲ့အစားအစာတွေများများစားမှ'

ဈာန်တစ်ယောက် သူ့ရဲ့ အတွေးကမ္ဘာသေးသေးလေးထဲနစ်မြုပ်နေတုန်း ဘုန်းမိုရ်က ဈာန့်အပေါ်မှ အုပ်မိုးလိုက်ကာ ပြောလာ၏။

"ကဲ ပြန်မအိပ်တော့ဘူးဆို မနက်ခင်းလေး လန်းဆန်းသွားအောင် ကိုယ်လက်လှုပ်ရှားအားကစားလေး နည်းနည်းပါးပါးလုပ်ကြတာပေါ့"

ထိုသို့ ဆိုပြီး ဘုန်းမိုရ်က ဈာန့်အား စောစောစီးစီး အရိုးရောအသားပါမကျန် ခပ်ကြမ်းကြမ်းစားသုံးတော့သည်။

စောစောစီးစီး အစားခံလိုက်ရသည့် ဈာန်ကတော့ အစားခံနေရရင်းမှပင် တွေးမိလိုက်သေးသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now