Chapter 11_Z

4.7K 187 0
                                    

ဈေးအတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ စားပွဲတစ်ခုတွင် ခန့်မင်းညိုနှင့် ခင်ထားမြင့်တို့ မျက်နှာချင်းဆိုင်ထိုင်နေကြ၏။

ခင်ထားမြင့်အတွက် လက်ဖက်ရည်တစ်ခွက်မှာပေးပြီး ခန့်မင်းညိုကတော့ သူလက်ဖက်ရည်သောက်ပြီးခဲ့ပြီဟုဆိုကာ ရေနွေးကြမ်းငှဲ့သောက်နေသည်။

"မခင်ထားမြင့် ကျွန်တော့်ကို ဆိုင်မှာလာရှာတယ်ဆိုပြီး မြတ်လေးကပြောတယ် ... အဲအချိန်တွေ ကျွန်တော်ကလည်း အပြင်ရောက်နေတော့ မခင်ထားမြင့်နဲ့ မတွေ့လိုက်ရဘူး ... ကျွန်တော့်ကိုဘာကြောင့်လာရှာတာလဲခင်ဗျ"

ခင်ထားမြင့်က တစ်ရှုးစဖြင့် နှုတ်ခမ်းကို ခပ်ဖွဖွလေး သုတ်ကာ ခန့်မင်းညိုကို ညုတုတုကြည့်ရင်းပြောလာ၏။

"ကိုညိုကလည်း အရမ်းတွေသူစိမ်းဆန်နေပြန်ပါပြီ ... အရင်က ပတ်သတ်ဖူးတဲ့လူတွေပဲဟာ ... ဒီလိုကြီး ယဉ်ယဉ်ကျေးကျေးတွေပြောတော့ ထားဖြင့်စိတ်ထဲတစ်မျိုးကြီး"

"အဟင်း ... ကျွန်တော်တို့ရဲ့ အရင်ကဇာတ်လမ်းက ပြီးသွားခဲ့ပါပြီ မခင်ထားမြင့် ... ပြီးတော့အခုကျွန်တော့်မှာ အိမ်ထောင်ဘက်ဖြစ်တဲ့ မြတ်လေးလည်းရှိနေပြီမို့ စကားအပြောအဆိုဆင်ခြင်ရမယ်လေဗျာ"

ခင်ထားမြင့်က ခန့်မင်းညိုရဲ့ စကားအပြောအဆို လေယူလေသိမ်းကြောင့် အနည်းငယ်အံ့ဩသွားသည်။

သူမအပေါ်စိတ်ဆိုးစိတ်နာနေသောကြောင့် လေယူလေသိမ်းမာထန်ကောင်းမာထန်နိုင်သည်ဟု တွေးထားမိသော်လည်း ယခုလို သူစိမ်းဆန်ဆန်ပြောလာမည်ဟုမထင်ထား။

"ကိုညို ထားကို မချစ်တော့ဘူးလားဟင် ... ဟုတ်ပါတယ် ထားအပြစ်တွေပါ ... ကိုညိုထားကိုမုန်းနေမယ်ဆိုတာ ထားသိပါတယ် ... ကိုညို့ကိုထားချစ်ပေမယ့် အိမ်က မိဘတွေကိုမှ ထားမလွန်ဆန်နိုင်တာ ... အခုထားလည်း လွတ်လပ်တဲ့သူတစ်ယောက်ဖြစ်သွားပြီ ... ထားအခုထိ ကိုညို့ကိုမမေ့နိုင်သေးဘူး"

ခင်ထားမြင့်က ထိုစကားများအား ဝမ်းနည်းနေသည့် လေသံလေးဖြင့်ပြောလာသည်။

မူလပိုင်ရှင်သာဆိုလျှင်တော့ ခင်ထားမြင့်ဆီမှ ဤကဲ့သိုသောစကားမျိုးကြားပါက လူကြားထဲတွင်ထကာ ကနေလောက်ပေမည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now