Chapter 7_U

15K 1.3K 2
                                    

ဈာန်မင်းညိုပြန်သွားပြီးနောက် ခန့်မင်းညိုနှင့် မြတ်လေးတို့ လင်ခင်ပွန်းနှစ်ယောက်မှာတော့ ညနေစာကိုမချက်တော့ဘဲ လမ်းထိပ်ကမုန့်ဆိုင်မှာပင် ကြာဇံကြော်သုပ်နှင့် ခေါက်ဆွဲသုပ်တစ်ပွဲစီဝယ်စားလိုက်ကြသည်။

ထို့နောက် နှစ်ယောက်သားရေမိုးချိုးသန့်ရှင်းရေးများလုပ်ကာ တစ်နေကုန်ပင်ပန်းထားသဖြင့် အနားယူရန် အိပ်ယာစောစောဝင်လိုက်ကြတော့သည်။

"ကိုမြတ်သူရေ ကိုမြတ်သူ"

အိမ်ရှေ့မှ တစ်စုံတစ်ယောက်၏ အော်ခေါ်သံကိုကြားသဖြင့် မြတ်လေးတစ်ယောက်နိုးလာခဲ့သည်။ အခန်းထဲမှ တိုင်ကတ်နာရီကို လှမ်းကြည့်မိတော့ နာရီလက်တံက ဆယ်နာရီနှင့် မိနစ်လေးဆယ်ကို ညွှန်ပြနေ၏။

"အကို ... အကို ထပါဦး အိမ်ရှေ့မှာ တစ်ယောက်ယောက်ခေါ်နေသံကြားတယ်"

မြတ်လေးက ခန့်မင်းညိုကို လှုပ်နိုးလိုက်သောကြောင့် ခန့်မင်းညိုလည်းနိုးလာပြီး အိပ်မှုန့််စုံံ့မွှားအသံဖြင့် မြတ်လေးအားမေးလိုက်သည်။

"အမ် ... ဟမ် ... ဘာလဲ ဘာဖြစ်လို့လဲမြတ်လေး"

"အိမ်ရှေ့မှာအော်ခေါ်သံကြားလို့ အကိုရဲ့"

"ကိုမြတ်သူရေ ကိုမြတ်သူ"

ခန့်မင်းညိုလည်း အိမ်ရှေ့မှအော်ခေါ်သံကိုကြားရသဖြင့် အိပ်ယာထက်မှထကာ ဓာတ်မီးနှင့် ခြံတံခါးသော့ကိုယူပြီး အိမ်ရှေ့သို့ ခပ်မြန်မြန်ပင်သွားလိုက်သည်။ မြတ်လေးကလည်း ခန့်မင်းညိုနောက်မှ ထပ်ကြပ်မကွာလိုက်လာလေသည်။

"ဘယ်သူလဲ"

ခန့်မင်းညိုကမေးလိုက်တော့ ခြံအပြင်မှကောင်လေးက ခန့်မင်းညိုအားပြန်မေးလာသည်။

"ဟမ် ... ဒါ ကိုမင်းမြတ်သူအိမ်မဟုတ်ဘူးလားခင်ဗျ"

ခန့်မင်းညိုလည်း ခြံရှေ့တွင်ကလေးတစ်ယောက်ကိုပွေ့ထားရင်း မတ်တပ်ရပ်နေသောကောင်လေးကိုကြည့်ပြီး မြတ်လေးကိုလှည့်ကြည့်ကာမေးလိုက်သည်။

"မြတ်လေး အသိလား"

မြတ်လေးက ခန့်မင်းညိုနောက်မှထွက်လာကာ ထိုကောင်လေးကိုစူးစမ်းကြည့်လိုက်ပြီး အနည်းငယ်အံ့ဩသွားရကာ ထိုကောင်လေး၏နာမည်အားခေါ်လိုက်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now