Chapter 35_U

11.8K 1K 53
                                    

သုံးလကြာပြီးနောက်

"မေတ္တာရိပ်မြုံ" မိဘမဲ့ဂေဟာလေးတွင် ဖြစ်သည်။

ယနေ့ ဂေဟာမှ ကလေးများအား ခန့်မင်းညိုတို့ လင်ခင်ပွန်းနှစ်ယောက်၊ ဘုန်းမိုရ်တို့ လင်ခင်ပွန်းနှစ်ယောက်၊ ခန့်ညား နှင့် ဖြိုးကိုကိုတို့ ကြက်ဆီထမင်းလာရောက်ကျွေးမွေး လှူဒါန်းကြ၏။

ဈာန်၊ ခန့်ညားနှင့် ဖြိုးကိုကို တို့က ကလေးများနှင့် အတူကစားနေကြကာ ဘုန်းမိုရ်နှင့် ခန့်မင်းညိုတို့ကတော့ ဂေဟာမှူးနှင့်အတူ စကားပြောနေကြသည်။

မြတ်မင်းမောင်လေးကတော့ သူ့ဦးလေးဖြစ်သူတို့နှင့်အတူ ဂေဟာမှ ကိုကို မမများနှင့် ကစားနေသည်။

ကစားနေသော ခန့်ညားတို့၏ မနီးမဝေးခုံတွင် ထိုင်နေသော မြတ်လေးက သူ့သားလူလည်ပေါက်စကိုကြည့်ကာ ပြုံးနေသည်။

သူဆေးရုံပေါ်မှ ပြန်နိုးလာပြီးနောက်ပိုင်း သူ့အမျိုးသားဖြစ်သူက ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည့်အပြင် အလွန်ဂရုစိုက်ကာ ချစ်ပေးတာကြောင့် မြတ်လေးမှာတော့ အလွန်စိတ်ချမ်းသာနေရသည်။

ဆေးရုံတက်ခဲ့စဉ်က ဆရာဝန်နှင့် ခင်ပွန်း ပြောပြချက်များကြောင့် တချို့သော သူ၏ မှတ်ဉာဏ်များ ပျောက်ဆုံးနေကြောင်း မြတ်လေးသိခဲ့ရသည်။

သတိရလာပြီးနောက် ဆရာဝန် စစ်ဆေးကာထွက်သွားပြီး ခင်ပွန်းဖြစ်သူက ဆေးရုံအခန်းအတွင်းထဲသို့ ဝင်လာခဲ့ကာ သူမေ့နေသည့် အကြောင်းအရာများကို စိတ်ရှည်လက်ရှည် ရှင်းပြလာခဲ့သည်။

မြတ်လေးဖြင့် အကို၏ ပြောင်းလဲသွားသော လေယူလေသိမ်း၊ အကြည့် ၊ အပြုအမူတို့ကြောင့် အလွန်ပင် အံ့ဩနေခဲ့ရသည်။

အိမ်မက်များ မက်နေမိသလားဆိုပြီ အကို မသိအောင် စောင်အောက်မှ ကိုယ့်ပေါင်ကိုယ်ခိုးပြီး ဆွဲဆိတ်မိခဲ့သည်။

အကို ပြောပြသည့် မြတ်လေး မေ့နေသည်ဆိုသော အကြောင်းအရာများကလည်း ယုံရခက်ခက်ပင်။

အကြောင်းမှာ မြတ်လေးသတိရသည့် အကိုနှင့် ပတ်သတ်သော ကိစ္စမှန်သမျှက မြတ်လေးအား မူးရူးရမ်းကားဆဲဆိုကာ ရိုက်နှက်သည့် အချိန်များသာဖြစ်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now