Chapter 44_Z

3.1K 96 0
                                    

"ဒယ် တိုတိုလှရား"

"ဒယ့်သားလေးက အရမ်းချောအရမ်းလှ အရမ်းသန့်နေတာပဲ"

ဒီနေ့က ခန့်ညားနှင့် ဖြိုးကိုကိုတို့၏ လက်ထပ်မင်္ဂလာပွဲနေ့ဖြစ်သည်။

မြတ်မင်းမောင်လေးက ပန်းကျဲရမည်ဖြစ်သည့်အတွက် အနောက်တိုင်းဝတ်စုံအဖြူလေးကို ဝတ်ဆင်ကာ မိတ်ကပ်ပြင်ဆရာမလေးက ကလေးကိုအနည်းငယ် အလှပြင်ပေးထားတာကြောင့် မြတ်မင်းမောင်လေးမှာ အလွန်ပင်ချစ်စရာကောင်းလွန်းနေသည်။

အခုလည်း သူ့ကိုယ်သူ မှန်ကြည့်ကာ သဘောကျနေပြီး ဖအေဖြစ်သူကိုပါ သူလှလားမေးနေတာဖြစ်သည်။

ရွှန်းစိုနေသော မျက်လုံးတောက်တောက်ကလေးများ၊ ထူထဲကာ ကော့ညွှတ်နေသည့် မျက်တောင်ရှည်များ၊ ပါးမို့မို့လေးနှင့် နှုတ်ခမ်းဖူးဖူးရဲရဲလေးကို ပိုင်ဆိုင်ထားသည့်သားက ကြီးလာတာနှင့်အမျှ ရုပ်ရည်က မြတ်လေးနှင့် ဆင်လာခဲ့သည်။

ခန့်မင်းညိုမမြင်ဖူးပေမယ့် သားက သူ့အမေ မသိင်္ဂမောင်နှင့် တူသည်တဲ့လေ။

မြတ်လေးကလည်း မသိင်္ဂမောင်နှင့် ရုပ်ရည်ခပ်ဆင်ဆင်ဖြစ်သည်ဟုပြောကြတာကြောင့် သားက မြတ်လေးနှင့်တူတာဖြစ်မည်။

"အဆင်သင့်ဖြစ်ရင် အသင့်နေရာယူရအောင် ... သား ပန်းကျဲရမယ့်ပုံစံကို လေ့ကျင့်ထားတာ မှတ်မိတယ်မလား"

"ဟုတ် မှတ်မိရယ် ဒယ်" ဟု မြတ်မင်းမောင်က ပြောလာတာကြောင့် ခန့်မင်းညိုက သားအားသတ်မှတ်ထားသည့်နေရာသို့လိုက်ပို့ပေးသည်။

ခန့်ညားနှင့် ဖြိုးကိုကိုတို့၏ မင်္ဂလာပွဲက ရိုးရိုးရှင်းရှင်းပင်။

ကိုဘုန်းမိုရ်ပိုင်သည့် ဟိုတယ်အသစ် မြက်ခင်းပြင်တွင် ကျင်းပတာဖြစ်ပြီး အခမ်းအနားက အဖြူရောင် များဖြင့်သာ အနောက်တိုင်းဆန်ဆန် အလှဆင်ထားသည်။

သတို့သားနှစ်ယောက်လုံးက အနောက်တိုင်းဝတ်စုံ အပေါ်အောက်အဖြူကို ဆင်တူဝတ်ဆင်ထားသည်။

အခမ်းအနားစတင်ချိန်တွင် သားက လေ့ကျင့်ထားသည့်အတိုင်း ပန်းများထည့်ထားသည့် ခြင်းတောင်းလေးကိုကိုင်ကာ ပန်းကျဲပြီး လျှောက်လမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now