အချပ်ပို - ၁ (U)

10K 865 71
                                    

မြတ်မင်းမောင် လူမှန်းသိတတ်စအရွယ်ကစပြီး သူ့ရဲ့ ဘဝလေးက အေးအေးချမ်းချမ်းနှင့်ပင် ဖြတ်သန်းလာခဲ့ရသည်။

သူ့ကို အရမ်းချစ်ကြသည့် အဖေနှစ်ယောက်၊ ဦးလေးများ ၊ အဒေါ်များနှင့် ဖိုးဖိုးဖွားဖွားများ၏လက်ထဲတွင် ဘာလိုအပ်ချက်မှမရှိအောင် ပြည့်ပြည့်စုံစုံနှင့်ကြီးပြင်းလာခဲ့ပြီး မြေးတွေထဲတွင် အကြီးဆုံးဖြစ်သည့်သူကို အဘိုးအဘွားများကလည်း တုန်နေအောင် ချစ်ကြသလို အလိုလည်းလိုက်ကြပါသည်။

မောင်နှမတွေကြားထဲမှာ အကြီးဆုံးဖြစ်သည့်သူ့ကို ညီတွေ ညီမတွေမှန်သမျှကလည်း ချစ်ကြသလို လေးလည်းလေးစားကြသည်။

ဒီလိုနှင့် နေ့ရက်တိုင်းကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေရင်းနဲ့ တစ်ရက်မှာတော့ သူ့ဖခင်နှစ်ယောက်နှင့် သူ့ဦးလေးများ ဖုံးကွယ်ထားသည့် သူ့ဘဝအကြောင်းကို သူသိခဲ့ရပါသည်။

အဲအချိန်တုန်းက သူ့အသက် ၁၄ နှစ်၊ ၇တန်းကျောင်းသားအရွယ်။

ဖြစ်ချင်တော့ ထိုနေ့က သူကျူရှင်စာအုပ်မေ့ကျန်ခဲ့သဖြင့် ကျောင်းမှ ကျူရှင်ကို တန်းမသွားဘဲ အိမ်ကို တေဇနှင့် အတူပြန်လာခဲ့ကြသည်။

ထိုအချိန်တုန်းက တေဇက ငါးတန်းကျောင်းသားလေးဖြစ်ကာ သူနဲ့အတူတူ ကျူရှင်တစ်ခုတည်း တက်ကြတာကြောင့် တေဇကိုလည်း သူနှင့် အတူအိမ်ကိုလိုက်ရန်ခေါ်ခဲ့ပြီး စာအုပ်ယူပြီးနောက် နှစ်ယောက်အတူတူ ကျူရှင်သို့ပြန်သွားကြမည်ဆိုပြီး စီစဉ်ထားခဲ့တာဖြစ်သည်။

သူတို့နှစ်ယောက်အိမ်ကိုပြန်လာကာ ခြံဝင်းထဲသို့ဝင်လာပြီးနောက် အိမ်တံခါးပေါက်အနားသို့ရောက်တော့ သူမသိသည့် လူကြီးတစ်ယောက်နှင့် ဖေကြီးတို့ စကားအခြေအတင်ဖြစ်နေကြပြီး ဦးခန့်ညားကလည်း ထိုလူကြီးအား လေသံမာမာဖြင့် ပြောဆိုနေတာကြောင့် သူတို့လည်း အိမ်ထဲသို့ မဝင်သေးဘဲ အိမ်အပြင်ဘက်အခြမ်း တံခါးရွက်နောက် အကွယ်တွင် နှစ်ယောက်သားရပ်စောင့်နေခဲ့ကြသည်။

အိမ်ထဲကစကားသံတွေကိုလည်း သူတို့နှစ်ယောက်အတိုင်းသားကြားနေရသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now