Chapter 9_U

15.9K 1.2K 74
                                    

လိုအပ်သည့်ပစ္စည်းများအားဝယ်ကာ လက်သမားဆရာကိုခေါ်ပြီးနောက် ခန့်မင်းညို အိမ်သို့ပြန်လာခဲ့သည်။ ခြံထဲတွင်တော့ တွန်းလှည်းဖြင့်လာပို့သွားသော ပစ္စည်းများရောက်ရှိနေပြီဖြစ်သည်။

မြတ်လေးက ခြံထဲသို့ဝင်လာသည့် ခန့်မင်းညိုအားလှမ်းမေးလာ၏။

"အကို အထပ်သားပြားတွေက ... "

မြတ်လေးစကားမဆုံးခင် ခန့်မင်းညိုက စကားဖြတ်ပြောလိုက်သည်။

"အစက ခန့်ညားပြောတဲ့အတိုင်းလိုက်ကာနဲ့ဆွဲမလို့ပဲ ကိုယ့်မိဘတွေအိမ်မှာ အထပ်သားပြားတွေပိုနေတာနဲ့ တစ်လက်စတည်းယူလာလိုက်တာ ... အထပ်သားပြားလေးနဲ့လုပ်လိုက်တော့ ပိုပြီးသပ်သပ်ရပ်ရပ်ရှိသွားတာပေါ့"

မြတ်လေးက ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်ထောက်ခံသည်။ ခန့်ညားမောင်ကတော့ ဘာမှထပ်မပြောတော့။

လက်သမားဆရာက ခန့်မင်းညိုပြောသည့်အတိုင်း အခန်းဖွဲ့ရန်အတွက်လုပ်ပေးနေစဉ် ခန့်မင်းညိုက အခန်းအတွင်း လျှပ်စစ်မီးလုံး တပ်ဆင်နေသည်။

သူကြီး၏ကောင်းမှုကြောင့် ရွာက လျှပ်စစ်မီးရရှိသော်လည်း ခဲရင်ရွာသို့ပေးသော လျှပ်စစ်ဓာတ်အားက အတော်နည်းသည်။

သို့သော်လည်း အိမ်တစ်အိမ်လျှင် အိမ်သုံးမီးလုံး သုံးလေးလုံးခန့်ကိုတော့ ကောင်းကောင်းအလင်းပေးနိုင်ပါသည်။

နေ့တိုင်း ညနေ ၆နာရီလောက်တွင်ဆိုင်ပိတ်သောကြောင့် ဆိုင်ထဲတွင် မီးလုံးမထားပေ။

ထို့ကြောင့် ခန့်မင်းညိုက ခန့်ညားမောင်တို့တူဝရီးအတွက် အိမ်ထဲမှ မီးကြိုးသွယ်တန်းကာ မီးလုံးကိုတပ်ဆင်ပေးနေသည်။

ခန့််ညားမောင်က မြတ်မင်းမောင်လေးကိုရေချိုးပေးရန်သွားလိုက်သည်။ ပြီးလျှင် ကလေးလေးကို နို့ဘူးတိုက်ပြီး သိပ်ရမည်။

ယောက်ျားလေးဖြစ်တာကြောင့် မူလက ကလေးများနှင့် ပတ်သတ်လျှင် မလုပ်တတ်မကိုင်တတ်သည့်ခန့်ညားမောင်မှာ အခုတော့ကလေးအဖေကြီးသဖွယ် ကလေး၏ဝေယျာဝစ္စများပြုလုပ်ရာတွင် ကျွမ်းကျင်နေပြီဖြစ်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now