Chapter 36_U

10.9K 952 92
                                    

လွန်ခဲ့သည့် နှစ်လ မြတ်လေး ဆေးရုံဆင်းပြီးကတည်းက ခန့်မင်းညိုက ဈေးနှင့် မနီးမဝေးတွင် မြေကွက်တစ်ကွက်ဝယ်ယူထားပြီး ထိုမြေကွက်အတွင်း ဆိုင်ခန်းနှင့် ဂိုဒေါင်ကို ဦးပြည့်ဖြိုးအား အကူအညီတောင်းပြီး ဆောက်လုပ်ခဲ့သည်။

မြေကွက်က ပေ ၈၀ ပေ ၆၀ ရှိပြီး ထိုမြေကွက်၊ ဆိုင်ခန်းနှင့် ဂိုဒေါင်အတွက် ခန့်မင်းညို သိန်း ၅၀ ခန့်သုံးလိုက်ရသည်။

ခန့်ညားဆိုင်က အလွန်ရောင်းကောင်းတာမို့ ဆိုင်စဖွင့်ပြီး ၃ပတ်ခန့်မှစတင်ကာ နေ့လည်ခင်းတွင်သာမက ညနေပိုင်းတွင်ပါရောင်းချတာကြောင့် တစ်ရက်ကို အနည်းဆုံး ငွေ ၇သောင်းကျော်မှ ၈သောင်းကျော်အထိဝင်သည်။

ခန့်မင်းညိုက လတိုင်း အမြတ်ငွေ၏ ၇၀ ရာခိုင်နှုန်းကိုရမည်ဖြစ်တာကြောင့် ခန့်မင်းညို၏ ဒုတိယလမှစကာ ထိုဆိုင်မှ တစ်လရငွေမှာ ၉ သိန်းကျော် ၁၀ သိန်းနီးပါးဖြစ်သည်။

ခန့်ညားက တစ်ပြားမှ မလိုစေရ။ အတိအကျကို တွက်ချက်ကာ ပေးသည်။

မူလက ခန့်မင်းညို ခန့်ညား၏ ထမင်းဆိုင်ကပ်လျက်တွင်ရှိသော အခန်းကို မြတ်လေးဈေးရောင်းရန်အတွက် ချန်ထားတာဖြစ်သည်။

သို့သော်လည်း နောက်ပိုင်း သေချာစဉ်းစားတွက်ချက်ပြီးနောက်တွင်တော့ ခန့်မင်းညိုက ထိုဆိုင်ခန်းအစား ဈေးအနီးအနားက မြေကွက်ကိုဝယ်ကာ ဆိုင်ခပ်ကြီးကြီးဖွင့်ဖို့ပြင်ဆင်လိုက်သည်။

ထိုထမင်းဆိုင်ဘေးမှ ဆိုင်ခန်းကိုတော့ ထမင်းဆိုင်နှင့် ထိုအခန်းကြားက နံရံကိုဖြိုချလိုက်ကာ ထမင်းဆိုင်နေရာအဖြစ် ထပ်မံတိုးချဲ့လိုက်၏။

ဒီနေ့တော့ ခန့်မင်းညို ကိုဘုန်းမိုရ်နှင့် အတူ ခက်ဖျာမြို့သို့ သွားခဲ့၏။

ခက်ဖျာမြို့မှာ စက်မှုဇုန်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့်ချီသည့် လူသုံးကုန်များနှင့် စားသုံးကုန်ပစ္စည်း တော်တော်များများမှာ ခက်ဖျာမြို့မှ ထွက်တာဖြစ်သည်။

ကိုဘုန်းမိုရ်၏ သူငယ်ချင်းဖြစ်သူ ကိုကျော်ဇံမှာ ခက်ဖျာမြို့ရှိစက်ရုံများမှ လူသုံးကုန်၊စားသုံးကုန် ပစ္စည်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဝေသည့် ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ကိုဘုန်းမိုရ်က ခန့်မင်းညိုအား ကိုကျော်ဇံဖြင့် မိတ်ဆက်ပေးခဲ့သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now