Chapter 34_U

10K 886 48
                                    

"မြတ်လေး ခဏစောင့်နော် ... ကိုယ် ဆရာဝန်သွားခေါ်လိုက်ဦးမယ်" ဟုဆိုကာ ခန့်မင်းညိုက ဆရာဝန်အား အပြေးအလွှားသွားခေါ်တော့၏။

သိပ်မကြာခင်ပင် ဆရာဝန်ရောက်လာပြီး မြတ်လေးအား စမ်းသပ်စစ်ဆေးတော့သည်။

ခန့်မင်းညိုကတော့ အခန်းအပြင်ဘက်တွင် စောင့်နေကာ အခန်းအရှေ့တွင် ရင်မောစွာဖြင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။

ခဏအကြာတွင်တော့ ဆရာဝန်က ပြန်ထွက်လာကာ ခန့်မင်းညိုအား လူနာ၏အခြေအနေကိုပြောပြလာသည်။

ဆရာဝန်၏ ပြောပြချက်အရက သူခန့်မှန်းထားသည်နှင့် ထပ်တူညီသည်။

မြတ်လေးက မှတ်ဉာဏ်အချို့ပျောက်ဆုံးနေသည်တဲ့။

ခန့်မင်းညို သက်ပြင်းချကာ မြတ်လေးရှိသည့် အခန်းအတွင်းသို့ ဝင်လာလိုက်၏။

ခန့်မင်းညိုကို မြင်တော့ မြတ်လေးက ပြာပြာသလဲဖြင့် ထထိုင်ရန်ပြင်သည်။

ခန့်မင်းညိုက မြတ်လေးနားအလျှင်အမြန်သွားလိုက်ကာ မြတ်လေးအားပြောလိုက်၏။

"မထနဲ့ မြတ်လေး သက်တောင့်သက်သာဖြစ်အောင်နေ ... ဘယ်လိုနေသေးလဲ ... ခေါင်းမူးခေါင်းကိုက်နေသေးလား"

"ကျွန်တော်အဆင်ပြေတယ်ကိုညို ... ကိုညို ကျွန်တော်က ဘယ်လိုဖြစ်ပြီး ..."

မြတ်လေး၏ စကားကြားတော့ ခန့်မင်းညိုက သက်ပြင်းချသည်။

ထို့နောက် လူနာကုတင်ဘေးက ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ခန့်မင်းညိုက မြတ်လေး၏ လက်ကလေးက တယုတယ ဆုပ်ကိုင်ကာ မြတ်လေအားမေးလိုက်၏။

"ဆရာဝန်ကပြောတယ် မြတ်လေးက မှတ်ဉာဏ်အချို့ပျောက်ဆုံးနေတယ်တဲ့ ... ပြောရရင် မြတ်လေးက အချိန်အတိုင်းအတာ တစ်ခုကို မေ့သွားတာ ... အဲအချိန်အတိုင်းအတာအတွင်း ဘာတွေဖြစ်ခဲ့လဲ မြတ်လေး မမှတ်မိတော့ဘူးတဲ့ ... မြတ်လေး နောက်ဆုံး ဘယ်အချိန်ကိုမှတ်မိလဲဟင် "

မြတ်လေးကတော့ ခန့်မင်းညို၏ နူးညံ့ညင်သာစွာဖြင့် ပြောဆိုမှုကြောင့် အံ့ဩနေ၏။

ခန့်မင်းညိုက မြတ်လေး၏ မျက်ဝန်းထဲမှ အကြည့်များနှင့် အပြုအမူသေးသေးလေးများအားကြည့်ကာ မြတ်လေးက ခန့်မင်းညိုကူးပြောင်းလာပြီးသည့်အချိန်မှ အခုလက်ရှိအချိန်အထိ မှတ်ဉာဏ်များပျောက်ဆုံးနေကာ မူလပိုင်ရှင်နှင့် လက်ထက်ပြီးသူကူးမပြောင်းလာခင်ကာလက အချိန်များအထိသာ မှတ်မိနေကြောင်း ခန့်မှန်းထားသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now