Chapter 26_Z

3.5K 125 3
                                    

ဒီနေ့က ခန့်မင်းညိုတို့ ခက်မမြို့ပေါ်သို့သွားမည့်နေ့ဖြစ်သည်။

ကိုဘုန်းမိုရ်လွှတ်ပေးလိုက်သည့် ကားသမားကရောက်နေပြီဖြစ်ပြီး ခန့်မင်းညိုနှင့် ခန့်ညားက မြို့ပေါ်သို့သယ်သွားမည့် အထုပ်များအား ကားနောက်ဖုံးအတွင်းသို့ထည့်နေကြသည်။

ဦးမင်းညိုနှင့် ဒေါ်သက်မာကတော့ ကားဘေးတွင်ရပ်နေကာ သူ့တို့မြေးအား မသွားခင်အလွမ်းသယ်နေကြ၏။

"ကဲ ပစ္စည်းအားလုံးစုံပြီဆိုတော့ သွားတော့မယ် ... အဖေနဲ့ အမေကျန်းမာရေးကို ဂရုစိုက်နော် ... တစ်ခုခုဆို ရွာကလူတွေနဲ့ မှာလိုက်"

ခန့်မင်းညိုက မှာတော့ ဦးမင်းညိုက ကလေးအား မြတ်လေး၏ လက်ထဲသို့ထည့်ပေးလိုက်ပြီး ပြောလာသည်။

"အေးပါ အဖေတို့ကတော့ ကိုဈာန့် မင်္ဂလာဆောင်တစ်ပတ်လောက်လိုမှ မြို့ပေါ်တက်လာမယ် ... မင်းတို့လည်းဂရုစိုက်ဦး... ငါ့မြေးလေးကိုလည်း သေချာဂရုစိုက်နော်"

ဦးမင်းညို၏စကားအား ခန့်မင်းညိုက ခေါင်းညိတ်ကာဖြေလိုက်သည်။

"ဟုတ်ကဲ့ပါဗျ "

ဒေါ်သက်မာကတော့ မြတ်လေးလက်ထဲမှ သူ့မြေးပါးအား တရှုံ့ရှုံ့နမ်းရှာသည်။

"ငါ့မြေးလေးကိုသေချာဂရုစိုက်နော် ခန့်ညား သားလည်း ဂရုစိုက်... သားကြီး မြတ်သူလေးကိုလည်း သေချာဂရုစိုက်ဦး "

ခန့်ညားက"ဟုတ်ကဲ့ပါဗျ" ဟုပြောလာသည်။

ခန့်မင်းညိုကလည်းခေါင်းညိတ်ကာ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ အမေ စိတ်ချ အမေ့မြေးနဲ့သားမက် ကို သေချာဂရုစိုက်မှာ ... သားတို့သွားပြီဗျ "

ခန့်မင်းညိုတို့လည်း ကားပေါ်သို့တက်ကာ ခက်မမြို့ပေါ်သို့ချီတက်ကြတော့သည်။

တစ်နာရီခွဲကျော်ကျော် ကြာပြီးနောက် ခန့်မင်းညိုတို့ ခက်မမြို့ပေါ်က သူတို့နေရမည့် အိမ်သို့ရောက်သွားကြသည်။

ခြံဝသို့ရောက်သည့်အချိန် ကားသမားက ဟွန်းတီးလိုက်တာကြောင့် ခြံဝန်းအတွင်းမှ အသက် ၁၃ ၁၄ နှစ် ခန့်အရွယ်ရှိသည့် ကောင်လေးတစ်ဦးမှ ခြံတံခါးလာဖွင့်ပေးသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now