Chapter 2_U

18K 1.5K 32
                                    

ဧည့်ခန်းထဲ၌ ထမင်းစားရန်ချထားသော စားပွဲဝိုင်းအပုလေးပေါ်တွင် ကြက်ဥ Half-fried နှင့် ချဉ်ပေါင်ရွက်ကြော် အနည်းငယ်ပုံထားသော ထမင်းကြော်ပန်းကန်နှစ်ချပ်ရှိလေသည်။

ခန့်မင်းညိုကတော့ ထိုစားပွဲဝိုင်းဘေးတွင်ထိုင်နေပြီး ဆာလောင်နေသောဗိုက်ကိုပွတ်ကာ ထမင်းကြော်စားရင်းသောက်ရန်အတွက် မီးဖိုချောင်ထဲတွင် ရေနွေးကြမ်း သွားထည့်နေသော မင်းမြတ်သူအား အတူတူစားရန်စောင့်နေ၏။

မြတ်လေးကတော့ သူ့ကို "ဘာစားချင်သလဲ ဘာပြင်ပေးရမလဲ"ဟုမေးရှာပါသည်။

ခန့်မင်းညိုလည်း ခေါင်းကိုက်ခြင်းက အတော်လေးသက်သာကာ ကောင်းမွန်သလောက်ရှိနေပြီဖြစ်သောကြောင့်
"ရတယ် ... ထွေထွေထူးထူးမလိုဘူး...ရှိတာသာပြင်ပေး ကိုယ်အဆင်ပြေတယ်"
ဟုပြောလိုက်သဖြင့် မြတ်လေးက "ကျွန်တော်စားသလိုပဲ ပြင်လိုက်တော့မယ်နော်" ဟုဆိုကာ ထမင်းကြော်ပြင်ပေးလာသည်။

မင်းမြတ်သူက ဓါတ်ဘူးနှင့် ရေနွေးဖန်ခွက်နှစ်ခွက်ထည့်ထားသော ရေနွေးဗန်းကို သယ်လာပြီးနောက် ခန့်မင်းညို၏မျက်နှာချင်း ဆိုင်တွင်ဝင်ထိုင်ကာ ရေနွေးဗန်းကိုတော့ ထမင်းစားပွဲ၏ဘေး သူနှင့်ခန့်မင်းညိုအကြားတွင် ချထားလိုက်သည်။

ထို့နောက် ရေနွေးခွက်နှစ်ခုအတွင်းသို့ ရေနွေးကြမ်းထည့်လိုက်ပြီး ခန့်မင်းညို၏ထမင်းကြော်ပန်းကန်ဘေးတွင် တစ်ခွက်၊ သူ၏ထမင်းကြော်ပန်းကန်ဘေးတွင် တစ်ခွက်ချကာ ထမင်းကြော်စစားရန်ဟန်ပြင်နေစဉ် မိမိရှေ့မှ ကိုညို၏ထမင်းကြော်ပန်းကန်မှာ အရာမယွင်းသေးသည်ကို မြင်လိုက်ရသည်။

"ဟို...ကိုညို ထမင်းကြော်မစားချင်ဘူးလားဟင်"
မင်းမြတ်သူက ထိုသို့မေးတော့ ခန့်မင်းညိုက ပြန်ဖြေလိုက်၏။

"စားမှာလေ ကိုယ်က မြတ်လေးကိုစောင့်နေတာ အတူတူစားဖို့"

မင်းမြတ်သူလည်း ကြောင်တောင်တောင်လေးဖြင့် တစ်ဖက်လူကိုကြည့်နေမိတော့သည်။

ခန့်မင်းညိုက စကားဆက်ပြောလာ၏။

"ဟို ပြီးတော့ ကိုယ့်ကို ကိုညိုလို့မခေါ်ဘဲ အကိုလို့ ဖြစ်ဖြစ် ... ကိုကိုလို့ဖြစ်ဖြစ် ခေါ်ပါလား... ဒါမှမဟုတ်မြတ်လေးစိတ်ပါရင် ယောက်ျားလို့ခေါ်လို့လည်းရတယ်"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now