Chapter 6_U

15.7K 1.4K 7
                                    

ခန့်မင်းညို ဆိုင်ထဲသို့ရောက်သည့်အချိန်တွင် မြတ်လေးက သိမ်းဆည်းစရာများသိမ်းထားပြီးပြီဖြစ်သဖြင့် ဆိုင်တံခါးပိတ်ရန်သာလိုတော့သည်။

"ကိုယ်ဆိုင်တံခါးပိတ်လိုက်မယ် သွားရေမိုးချိုးတော့"

မြတ်လေးကတော့ ထုံးစံအတိုင်းပင်။ ခန့်မင်းညိုပြောသမျှကို နာခံပြီးသား။ "ဟုတ်" ဟုဆိုကာအိမ်ထဲသို့ဝင်သွားတော့သည်။

ခန့်မင်းညို ဆိုင်တံခါးများကိုသေချာပိတ်ပြီးနောက် ထမင်းစားရန်အတွက် အဆင်သင့်ပြင်ဆင်ထားသော အရွက်များဖြင့် အရည်သောက်ဟင်းချက်လိုက်သည်။

မြတ်လေးရေမိုးချိုးပြီးချိန်တွင် ခန့်မင်းညိုက ထမင်းဝိုင်းပြင်ပြီးပြီဖြစ်သည်။

နှစ်ယောက်သား စားသောက်ပြီးနောက်တွင် မြတ်လေးက ထမင်းဝိုင်းကိုသိမ်းဆည်းပြီး စားသောက်ပြီးပန်းကန်များအားဆေးကြောတော့သည်။

ထို့နောက် အဝတ်အစားအချို့ကို မီးပူတိုက်ကာ ဗီရိုထဲသို့အစီအရီထည့်၏။

အားလုံးပြီးစီးသွားချိန်တွင်တော့ မြတ်လေးက ဆိုင်ထဲမှယူလာသော ပိုက်ဆံထည့်ခြင်းတောင်းကိုမှောက်ကာ ရောင်းရငွေရေတွက်တော့သည်။

မနေ့နှင့် ဒီနေ့ရောင်းရငွေမှာ ခြောက်ထောင်ကျော်ဖြစ်သည်။

ခန့်မင်းညိုကတော့ အိပ်ခန်းထဲရှိ စားပွဲပေါ်သို့ ဗီရိုအတွင်းထဲ၌သူထားထားသော ပိုက်ဆံများယူကာ တင်လိုက်ပြီး အိမ်ရှေ့တွင်ပိုက်ဆံရေတွက်နေသော မြတ်လေးကိုလှမ်းခေါ်လိုက်သည်။

မြတ်လေးလည်း အခန်းထဲသို့ဝင်လာခိုက် စားပွဲပေါ်မှငွေပုံကြီးကို မြင်မိသော်အံဩသွားရ၏။

"ကိုယ် ခြံသုံးဧကရောင်းလာခဲ့တာ သိန်းသုံးဆယ်ရလာတယ်... အဲလောက်ရမယ်လို့တောင် မထင်ထားဘူး...ပြီးတော့ မနက်က သူရဦးလာပေးတာက နှစ်သိန်း ... စုစုပေါင်း သုံးဆယ့်နှစ်သိန်း... သူကြီးကိုနှစ်သောင်းပေးလိုက်ပြီး အသိသက်သေနှစ်ယောက်ကို ငါးထောင်စီပေးလိုက်တော့ သုံးဆယ့်တစ်သိန်းခုနစ်သောင်း ကျန်တယ်"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now