Chapter 45_Z

3.1K 104 0
                                    

"အကိုရယ် အစပ်လေးနည်းနည်းပါးပါးလျှော့စားပါ ... အစပ်တွေ ဒီလောက်အများကြီးစားနေတာ ကျန်းမာရေးထိခိုက်နေဦးမယ် ... ပြီးတော့ အကို့ရှောက်သီးသုပ်က မချဉ်လွန်းဘူးလား မြတ်လေးတောင် မစားနိုင်ဘူး"

မြတ်လေးတစ်ယောက်ယောက်ျားဖြစ်သူက ရှောက်သီးသုပ်ချဉ်ချဉ်စပ်စပ်ကို အစပ်အများကြီးထည့်ကာ စားနေတာကြောင့် ကျန်းမာရေးထိခိုက်မည်စိုးသဖြင့် အစပ်လျှော့စားရန်တားနေခြင်းဖြစ်သည်။

ဒီရက်ပိုင်း အကိုက မနက်တိုင်းမူးသလိုမော်သလိုနှင့် ပျို့အန်တတ်ပြီး ထမင်းစားချိန်တွင်လည်း ဟိုဟာမစားချင် ဒီဟာမစားချင်နှင့် ချေးများနေကာ အအိပ်မစားပုံမမှန်တာကြောင့် စိတ်ပူနေရသည်။

ဒီနေ့နေ့လည်တော့ ရှောက်သီးသုပ်စားချင်သည်တဲ့လေ။

ခန့်မင်းညို သူကိုယ်တိုင် ငရုတ်သီးများ စပါယ်ရှယ်ထည့်ကာ ရှောက်သီးသုပ်ပြီး ရေနွေးပူပူသောက်လိုက် ရှောက်သီးသုပ်စားလိုက် တရှူးရှူးတရှဲရှဲဖြင့် အားရပါးရစားနေတာဖြစ်သည်။

ရှောက်သီးသုပ်ကို မြတ်လေးအနည်းငယ်စားကြည့်တော့ အရမ်းစပ်ပြီး ချဉ်နေတာကြောင့် မြတ်လေးလည်းမစားတော့။

အခုလည်း အကို့ကျန်းမာရေးထိခိုက်မည်စိုးတာကြောင့် တားနေရခြင်းဖြစ်သည်။

"အကို ခဏနေရင် သားကို မူကြိုကနေသွားကြိုရဦးမှာနော်"

"အင်းပါ မြတ်လေးရဲ့ ကိုယ်သိပါတယ် ... ဒါလေးလက်စသတ်ပြီးရင် သွားမယ် ... နော် အချစ်"

ခန့်မင်းညိုက ပန်းကန်းအတွင်းမှ ရှောက်သီးသုပ်လက်ကျန်ကို ဆက်စားနေလိုက်သည်။

ရေနွေးပူပူသောက်နေရင်း ချွေးများပင်စို့လာတာကြောင့် မြတ်လေးက ယောက်ျားဖြစ်သူ၏ နဖူးပြင်တစ်ဝိုက်မှ ချွေးများအား တစ်ရှုးဖြင့် သုတ်ပေးနေ၏။

ရှောက်သီးသုပ်အား လက်စဖြတ်ပြီးသွားတော့ ခန့်မင်းညိုက ပန်းကန်တွေသိမ်းဖို့ပြင်နေတာမို့ မြတ်လေးက ခန့်မင်းညိုအားပြောလိုက်သည်။

"ထားခဲ့တော့ အကို သားကို သွားကြိုဖို့လုပ်တော့ ... ပန်းကန်တွေက မြတ်လေးသိမ်းပြီးဆေးလိုက်မယ်"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now