Chapter 4_U

17.6K 1.5K 59
                                    

နေ့လည်စာအတွက် ခန့်မင်းညိုလက်စွမ်းပြထားသည့် ဟင်းများကတော့ မုန်ညင်းရွက် အနည်းငယ်ခပ်ထားသော ပဲနီလေးဟင်းရည်နှင့် ခြေမွကာ ခရမ်းချဉ်သီးအနည်းငယ်ဖြင့် ချဉ်ချဉ်စပ်စပ်ကလေး ချက်ထားသေား ငါးသေတ္တာမွှေချက် တို့ဖြစ်သည်။

သူသွေးပေးထားသော သနပ်ခါးလေးကို မှုန်နေအောင်လိမ်းထားပြီး ပါးကွက်အဝိုင်းခပ်ကြီးကြီးဝိုင်းလေးဖြင့် မြတ်လေးမှာ အလွန်ပင်ချစ်စရာကောင်းလှသည်။

ခန့်မင်းညိုတစ်ယောက် မနေနိုင်မထိုင်နိုင်ပင် ငမ်းကြောထမိပြန်သည်ပေါ့။

"ကဲ မြတ်လေး ကိုယ့်လက်ရာလေးမြည်းကြည့်ပါဦး"

မြတ်လေးလည်း အနည်းငယ် ဗိုက်ဆာနေပြီဖြစ်တာကြောင့် ခန့်မင်းညိုအား ဟင်းများဦးချကာ ထမင်းစစားတော့သည်။

သာမန်ဟင်းများသာဖြစ်သော်လည်း ခန့်မင်းညို၏လက်ရာမှာ အလွန်ကောင်းမွန်လှ၏။

မြတ်လေးတစ်ယောက် ဗိုက်ကလည်းဆာ၊ အရသာကလည်းအတော်ကောင်းတာကြောင့် တရှုးးရှုးတရှဲရှဲဖြင့် အခါတိုင်းထက် ထမင်းတော်တော်များများပိုစားလိုက်မိသည်။

'ဘယ်အချိန်တုန်းက ကိုညိုက ဟင်းချက်တတ်သွားရတာလဲ ' ဟုအဓိပ္ပာယ်ရနေသည့် မြတ်လေး၏အကြည့်တို့ကြောင့် ခန့်မင်းညိုက ခပ်တည်တည်ဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်။

"အဟမ်း ... ကိုယ်က ဟင်းချက်တတ်တယ် မလုပ်ချင်လို့မလုပ်တာပဲရှိတာ"

မြတ်လေးကတော့ "ဟုတ်"ဟုဆိုကာ ခေါင်းငုံ့ပြီး ထမင်းဆက်စားနေတော့သည်။

သူတို့ထမင်းစားပြီးနောက်တွင်တော့ ခန့်မင်းညိုကထမင်းဝိုင်းကို သိမ်းကာ မြတ်လေးက ပန်းကန်ဆေးသည်။

ပန်းကန်ဆေးပြီးသွားသည့် မြတ်လေးကဧည့်ခန်းထဲသို့ပြန်လာကာ ခန့်မင်းညို၏ဘေးတွင် ခပ်ရို့ရို့လေး ထိုင်နေလေသည်။

ကိုကိုခန့်တို့ကတော့ သူဘေးမှ ကြင်သူလေးကို တစိမ့်စိမ့်ကြည့်ကာ ငမ်းကြောထနေသည်ပေါ့။

နေ့လည် တစ်နာရီထိုးတော့ မြတ်လေးကဆိုင်သွားဖွင့်ပြီး ခန့်မင်းညိုကမူ အိမ်ထဲမှာပင် သူရှေ့လျှောက် ဘာဆက်လုပ်သင့်သည်ကို စဉ်းစားခန်းဝင်နေတော့သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now