Chapter 15_U

15.4K 1.2K 87
                                    

နှစ်စဉ် ခဲရင်ရွာရှိမဟာစေတီတော်ကြီး၏ တောင်ဘက်မုခ်ကွင်းပြင်ကြီး၌ ခဲရင်ရွာဘုရားပွဲတော်ကို သုံးရက်တာမျှစည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အနီးနားရှိရွာများနှင့် ခက်မမြို့ပေါ်ကပါ လာရောက်ကြသောကြောင့် ခဲရင်ရွာဘုရားပွဲက ထိုဒေသတွင်နာမည်ကြီးကာ အလွန်စည်ကားသည်။

ခဲရင်ရွာဘုရားပွဲ၏ပွဲဈေးတန်းတွင်တော့ ရိုးရာလက်မှုပစ္စည်းဆိုင်များ၊ မုန့်ဆိုင်များ၊ ဒေသထွက်ကုန်အရောင်းဆိုင်များ၊ ကလေးများအကြိုက် ကစားစရာအရုပ်ရောင်းသည့်ဆိုင်များ၊ ဈေးသက်သာသည့် အဝတ်အထည်လူသုံးပစ္စည်းဆိုင်များ၊ ဗေဒင်ဟောခန်းများ၊ အစိုးရက ခွင့်ပြုပေးထားတာသည့် အပျော်တန်းလောင်းကစားဝိုင်းအငယ်လေးများ၊ တက်တူးဆိုင်များ၊ ကလေးစီးချားရဟတ်အသေးများနှင့် ကလေးလူကြီးအစုံစီးနိုင်သည့် ရဟတ်များ၊ မျက်လှည့်ပြပွဲများ စသဖြင့် စုံစုံလင်လင်တွေ့နိုင်သည်။

ညပိုင်းတွင် စတိတ်ရှိုးပွဲရှိပြီး မြို့ပေါ်မှ နာမည်သိပ်မရှိသေးသော အဆိုတော်ပေါက်စများက အခမဲ့လာရောက်ကာ ဖျော်ဖြေပေးကြသည်။

ဒီနေ့ကတော့ ခဲရင်ရွာဘုရားပွဲ ပထမနေ့ဖြစ်သည်။

ဦးမင်းညို၏ အိမ်တွင် ခန့်မင်းညိုတို့ လင်ခင်ပွန်းနှစ်ယောက်နှင့် ခန့်ညားတို့ တူဝရီး မနက်အစောကတည်းကရောက်နေကြ၏။

ခန့်မင်းညိုတို့မှာ မြို့က ကိုဖြိုးတို့မိသားစုလာမည်ဖြစ်သောကြောင့် ဧည့်သည်များအတွက် လိုအပ်သည်များချက်ပြုတ်ပြင်ဆင်ရာတွင် ကူညီရန်မနက်စောစောရောက်နေကြခြင်းဖြစ်သည်။

ဦးမင်းညိုက ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ ကလေးထိန်းနေသည်။

ခန့်ညားက ရေတွင်းထဲမှ ရေဆွဲပေးနေကာ ခန့်မင်းညိုကတော့ ထင်းခွဲနေ၏။

ဒေါ်သက်မာက အသား၊ငါးများကို ကိုင်တွယ်ဆေးကြောနေပြီး မြတ်လေးက ကြက်သွန်ဖြူ၊ကြက်သွန်နီခွာသည့် တာဝန်ကိုယူထားသည်။

ဈာန်မင်းညိုက ဖရုံသီးကို ပါးပါးလေးလှီးနေကာ သွဲ့မင်းညိုကတော့ ကန်စွန်းရွက်ထွင်နေသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now