Chapter 39_U

9.2K 909 65
                                    

"ဦး ရုံးသွားတော့မို့လား"

ဈာန်၏ မေးခွန်းကို ကြားတာကြောင့် ဘုန်းမိုရ်ပြုံးမိသည်။

အိမ်က ဗိုက်ဗိုက်ရစ်တော်မူခန်း စတင်ပါပြီ။

"မသွားလို့ မရလို့ပါ ကိုယ့်ကလေးလေးရ"

ငါးလထဲဝင်လာသည့် ဗိုက်ကလေးနှင့် ဈာန်က အရမ်းကို ချစ်ဖို့ကောင်းလွန်းပြီး အရမ်းချွဲတတ်လာသည်။

တဖြည်းဖြည်းနှင့် ကောက်တေးလေးလည်း ဖြစ်လာသည်။

ဘုန်းမိုရ်ကိုလည်း အရမ်းကပ်ကာ အရမ်းလည်း ဝမ်းနည်းလွယ်တတ်သေးသည်။

"ဦးကလည်း တစ်ရက်တစ်ရက် အဲအလုပ်ပဲလုပ်နေတာပဲ ဈာန့်ကိုကျ ဂရုမစိုက်ဘူး ... စနေ၊ တနင်္ဂနွေတောင် ဦးက မနားဘူး"

"ဈာန်ရယ် ကိုယ်လည်း အလုပ်ကများတော့ မတတ်နိုင်ဘူးလေ ... ဈာန်လိုချင်တာပြော ကိုယ်ဝယ်ပေးမယ်နော် ... ကလေးနော် "

"ဈာန်က ဦးဂရုစိုက်တာကိုပဲလိုချင်တာလေ ... ဦးက တစ်ရက်လာလည်း အလုပ် နှစ်ရက်လာလည်းအလုပ် ... ဈာန် တစ်ခုခုဖြစ်ရင်တောင် ဦးဘာမှ သိမှာမဟုတ်ဘူး ... အဲ အလုပ်ထဲပဲ ရောက်နေတာ"

"တော်တော့ ဈာန် ... အဲလို တစ်ခုခုဖြစ်မယ် ဘာညာ ပြောတာတွေ ကိုယ်မကြိုက်ဘူး ပြောထားရက်နဲ့ ... အလုပ်ကတစ်မျိုး မင်းကတစ်မျိုး "

ဈာန်က ဘုန်းမိုရ်စကားကြောင့် ဘာမှဆက်မပြောတော့။

နှုတ်ခမ်းကိုကိုက်ကာ လှည့်ထွက်သွားသည်။

ဘုန်းမိုရ်သက်ပြင်းချမိသည်။

ဈာန်က ဂရုစိုက်ခံချင်တာသိသော်လည်း ဘုန်းမိုရ်က အလုပ်တစ်ဖက်ဖြင့်မအား။

အခုလည်း တစ်ခုခုဖြစ်မယ် ဘာညာပြောလို့ ဘုန်းမိုရ်က စိတ်တိုမိတာပင်။

အဲလို အပြောအဆိုမျိုးကို ဘုန်းမိုရ်က လုံးဝမကြိုက်။

စကားနောက်တရားပါမှာစိုးပါသည်။

ပိုသည်ပဲပြောပြော ဘာအကြောင်းကြောင့်နှင့်မှ ဈာန့်ကို တခုခု မဖြစ်စေချင်ပါ။

အစည်းအဝေးကလည်း မသွားလို့မဖြစ်။

အိမ်ပြန်ရောက်မှပဲ ကောက်တေးကိုချော့တော့မည်ဟု တွေးလိုက်ကာ ဘုန်းမိုရ် အလုပ်ကိုသွားလိုက်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now