Chapter 13_U

15.7K 1.1K 111
                                    

" ဒီမျက်နှာလေးပေါ်လဲ ဘာမှမဖြည့်နဲ့ ရင်မှာလှပြီးသားပါပဲ ~~~

ဘာမှမဟောင်းနွမ်းသေးဘူး ~~~ ယနေ့ထက်ထိတော့ ဟိုးအရင်လိုပဲကွယ် အသစ်ဖြစ်နေဆဲပဲ ~~~

အချိန်များစွာပြောင်းကာ နှစ်တွေဟောင်းခဲ့လဲ ရာသီစက်ဝန်းများစွာထဲ ~~~

မြင်နိုင်တယ်အရေးအကြောင်းလေးများက ဝိုးတဝါးတဖြည်းဖြည်းနဲ့ ထင်လာပေမယ့်လဲ ~~~

မင်းပါးပြင်လေးနူးညံ့ဆဲ အို မွှေးပျံ့ဆဲပဲ ~~~

ယုံပါ ညို့အားများကလဲ ရင်ထဲ ခမ်းနားနေတုန်းပဲ မျက်ဝန်းများတောက်ပဆဲ ~~~

ယုံပါ နှုတ်ခမ်းများကလဲ ရင်ထဲ ချိုမြနေတုန်းပဲ အထိအတွေ့တို့နွေးထွေးဆဲ ~~~

ဘာမှ မဟောင်းနွမ်းဘူး မပြောင်းလဲဘူးကွယ် အရင်အတိုင်းပဲ ~~~

ဘာမှ မဟောင်းနွမ်းဘူး အို မပြောင်းလဲဘူး ယုံကွယ် ~~~ "

မနက် ၇နာရီပင်မထိုးသေး။ ခုနစ်အိမ်ကြားရှစ်အိမ်ကြား အာပြဲကြီးနှင့် သီချင်းအော်ဆိုနေသူမှာမည်သူဟု သင်ထင်ပါသနည်း။

တရားခံကတော့ ညတုန်းက အစာဝဝလင်လင်စားခဲ့ရတာကြောင့် အားအင်အပြည့်ရှိကာ အူမြူးနေသော ကိုခန့်မင်းညိုဖြစ်ပါသည်။

ညက မြတ်လေးကိုအပြည့်အဝစားသုံးပြီး အာဟာရသိဒ္ဓိပြည့်ဝနေတာကြောင့် ကိုခန့်မင်းညိုတစ်ယောက်တက်ကြွစွာဖြင့် မနက်ခင်း ၅နာရီလောက်ကတည်းကအိပ်ယာထကာ ဈေးသုံးပြီးနောက် ထမင်း၊ဟင်းများပင် ချက်ပြုတ်ပြီးစီးနေပြီ ဖြစ်သည်။

အခုလည်း ညကတက်ကြွမှုကြောင့် ပေကျံနေသောအခင်းများစောင်များကို လျှော်ဖွတ်ရင်း သီချင်းအကျယ်ကြီးအော်ဆိုနေခြင်းဖြစ်သည်။

မနက်ငါးနာရီမထိုးခင်ခန့်မင်းညိုနိုးလာစဉ်က မြတ်လေးလည်း နိုးလာသေးသည်။ မြတ်လေးက မနက်ခင်းပိုင်းလုပ်စရာများကိုလုပ်ရန် အိပ်ယာထမည်ဟု ကြံသော်လည်း ခန့်မင်းညိုက မထခိုင်း။ သူ့လက်ဆ သူသိသည်လေ။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now