*199* ခင်ဗျားလှည့်စားတာ

18K 1.3K 48
                                    

ပြိုင်ပွဲမှာ ပေးထားတာတွေက အဆင့်၁ သာမန်အဆင့်ပါဝင်ပစ္စည်းတွေသာ ဖြစ်တာကြောင့် ရုန်ယိက ထိုပစ္စည်းတွေကိုသုံးပြီး အဆင့်၁က ရှားပါးပါဝင်ပစ္စည်းတွေနဲ့သာ သန့်စင်ပြုလုပ်လို့ရတဲ့ ထိပ်တန်းမှော်လက်နက် ပြုလုပ်ခဲ့တာကို တစ်ခြားပြိုင်ပွဲဝင်တွေက မယုံကြည်ကြ။

"သူ တစ်ခုခုလှည့်စားထားတာဘဲဖြစ်ရမယ်"

"ဟုတ်တယ် သူအထဲမှာ ရှားပါးပါဝင်ပစ္စည်းတစ်မျိုး ရောထည့်လိုက်တာဖြစ်မယ်.. မဟုတ်ရင် ဒီလို ထိပ်တန်းအဆင့်ပစ္စည်းလုပ်နိုင်မှာမဟုတ်ဘူး"

"ဒိုင်လုပ်တဲ့ ဆရာတွေသိသွားရင် သူတော့သေပြီဘဲ...လာပါ ကိုယ့်အလုပ်ဘဲကိုယ်ဆက်လုပ်ရအောင် မဟုတ်ရင် မရိုးမသားလုပ်နေကြတယ်လို့ သတ်မှတ်ခံနေရမယ်"

ထိုသူတွေလည်း အချိန်မှီအောင် အမြန်လုပ်ကြတော့သည်။

ရုန်ယိက ပြိုင်ပွဲမှာ တစ်ကယ်ပြိုင်ဖို့လာခဲ့တာမဟုတ်။ ထိုသူတွေနဲ့ စကားတစ်ခွန်းတောင် ပြောချင်စိတ်မရှိတာကြောင့် ကလေးလေးယောက်ဘက်ကို ပြန်လှည့်လိုက်သည်။

ထိုအချိန်မှာ အစ်ကိုနှစ်ကလည်း ပြီးလုနီးပါးဖြစ်နေလေပြီ။

သူ မီးဖိုအိုးကို ဖွင့်လိုက်တာနဲ့ အနီးနားကကျင့်ကြံသူတွေမှာ စိတ်ဝိညာဥ်အားလှိုင်းတွေကို ထပ်အာရုံခံမိလိုက်တာကြောင့် ထိုကလေးတွေဆီကို လှမ်းကြည့်လာကြသည်။

"သေစမ်း!.. နောက်ထပ် ထိပ်တန်းအဆင့်လက်နက်တစ်ခုကွ!"

"ထိပ်တန်းအဆင့်လက်နက်တွေက ဘယ်တုန်းက ဒီလောက်သန့်စင်ဖို့လွယ်သွားရတာတုန်း"

"ဒါက အရေးမကြီးသေးဘူး.. ပိုအရေးကြီးတာက သူတို့တွေ ဒါကို သာမန်အဆင့်ပါဝင်ပစ္စည်းတွေကနေ လုပ်လိုက်တာဘဲ.. သူတို့ဘယ်လိုလုပ်နိုင်သွားတာလဲဟ!"

"အကယ်၍ ငါတို့က သာမန်ပါဝင်ပစ္စည်းတွေကနေ ထိပ်တန်းအဆင့်မှော်လက်နက်ကို တစ်ကယ်ကြီး လုပ်နိုင်ခဲ့ရင် ငါတို့ အိမ်တန်းပြန်လို့ရပြီ"

"လှည့်စားနေတာ.. သူတို့တွေ လှည့်စားနေတာဘဲ ဖြစ်မှာ"

လူတိုင်းက ဘယ်သူမှ အဆင့်၁ သာမန်အဆင့်ပါဝင်ပစ္စည်းတွေကနေ အဆင့်၁ ထိပ်တန်းအဆင့်မှော်လက်နက် မလုပ်နိုင်ဘူးဆိုတဲ့ အတွေးကိုယ်စီရှိနေကာ သူတို့လုပ်လက်စကိုသာ ဆက်ပြီးလုပ်နေကြသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now