*226* သူဒဏ်ရာရသွားတယ်

2.7K 479 12
                                    

"သခင်ချီဆီကလက်ဆောင်"
ကမ္ဘာပေါ်မှာ မဖြစ်နိုင်ဆုံး စကားတစ်ခွန်းကြားလိုက်ရသလိုမျိုး ရုန်ယိတစ်ယောက် အစောင့်ကို အံ့အားသင့်စွာနဲ့ ပြန်ကြည့်လိုက်မိသည်။
"မင်း နားကြားမှားသွားတာမဟုတ်ဘူးလား... ဒါက မင်းတို့သခင်အတွက် ဖြစ်သင့်တာမဟုတ်ဘူးလား"

ယင်ကျင်းရဲ့လည်းဘဲ အစောင့်က ချီလန်ရဲ့စကားကို အကြားမှားသွားတာဟုသာ ထင်လိုက်သည်။ သူနဲ့ ရုန်ယိဆိုတာက ပထမဆုံးအကြိမ်စတွေ့ကြတည်းက ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ဟာ သူက ရုန်ယိဆီ ဘယ်လိုလုပ် လက်ဆောင်ပေးပါ့မလဲ။

အစောင့်က သေချာတဲ့လေသံနဲ့ ပြောလာသည်။
"ကျွန်တော်နားကြားမမှားပါဘူး.. ဒီလက်ဆောင်က သခင်လေးရုန်အတွက်ပါ"

ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ အချင်းချင်း ပြန်ကြည့်လိုက်မိသည်။
"အထဲက လက်ဆောင်ဆိုတာ သေချာရဲ့လား.. လျှို့ဝှက်လက်နက်တို့ စိတ်ညှို့ပိုးကောင်တို့လို တစ်ခုခုမျိုး မဟုတ်ဘဲနဲ့လေ"

"..."
အစောင့်က အနေရခက်စွာ ဆိုလာ၏။
"အထဲက ဘာပစ္စည်းလဲဆိုတာကိုတော့ သခင်ချီက ကျွန်တော့်ကို မပြောလိုက်ပါဘူး"

ရုန်ယိ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ယင်ကျင်းရဲ့လည်း သူကြည့်တဲ့အတိုင်း လိုက်ကြည့်လိုက်ပြီး
"မင်း ဘာတွေကြည့်နေတာလဲ"

"ကျွန်တော်ကြည့်နေတာ.. အနီရောင်မိုးတွေများ ရွာချတော့မှာလားလို့လေ"

"..."
ယင်ကျင်းရဲ့ အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ချီလန်ရဲ့ခြံဝန်းရှိရာဆီ စိတ်အာရုံဖြန့်ကျက်ကြည့်လိုက်သည်။ ထိုအခါ ချီလန်တစ်ယောက် တံခါးပေါင်းကူးအကွယ်ကနေ သူတို့ကို ချောင်းကြည့်နေကြောင်း တွေ့လိုက်ရသည်။

ရုန်ယိကတော့ ချီလန်တစ်ယောက် သူ့ကို လက်ဆောင်ပို့ပေးရလောက်တဲ့အထိ ကြင်နာလိမ့်မယ်လို့မထင်ပေ။ ဒါကြောင့် သူအစောင့်ကိုပြောလိုက်သည်။
"မင်း ငါ့အစားဖွင့်ကြည့်လိုက်"

"ဒါပေမယ့် သခင်ချီက ဒါကို သခင်လေးကိုယ်တိုင်ဖွင့်ကြည့်ရမယ်လို့ ပြောလိုက်ပါတယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now