*251* မင်းကဒီနေရာနဲ့မသက်ဆိုင်ဘူး

1.1K 270 15
                                    

ကိုရင်လေးက လက်အုပ်လေးချီကာ ဆိုလာလေ၏။

"အော်မီတော်ဖော်.. ဒကာလေးရုန်.. ကိုယ်တော် ဒီကိုလာတာက ကပ်ဆိုးကြီးကိုကာကွယ်ဖို့ပါ.. ဒကာလေးနဲ့ ဒကာလေးတို့မိသားစုကို ထိခိုက်စေမဲ့အကြံမရှိပါဘူး"

ရုန်ယိ အမြန်ပြန်မေးလိုက်သည်။

"ဘာကပ်ဆိုးကြီးလဲ"

ကိုရင်လေးရဲ့ ပြောဖို့ဆန္ဒမရှိတဲ့ပုံစံကြောင့် သူထပ်ပြောလိုက်သည်။

"မင်းမပြောပြနိုင်ဘူး.. ဟုတ်တယ်ဟုတ်.. ဒါဆို အနည်းဆုံးတော့ မင်းဘယ်သူဆိုတာ ငါတို့ကိုပြောပြသင့်ပါတယ် ဟုတ်တယ်မလား"

"ကွမ်ရင်ဘုံကျောင်းရဲ့ ဆရာတော် ဖောရှင်းပါ"

လူတိုင်းက သူ့ကို ကွမ်ရင်ဘုံကျောင်းဆရာတော် သို့မဟုတ် ဗုဒ္ဓဆရာသခင်ဟုသာ အမြဲတမ်းခေါ်လေ့ရှိကြတာကြောင့် ကြာလာတဲ့အခါ သူ့ရဲ့ဓမ္မဘွဲ့က ဖောရှင်းဆိုတာ ဘယ်သူမှ မမှတ်မိကြတော့ပေ။ ဒါ့အပြင် သူက ကလေးသွင်ပြင်ပြောင်းလဲထားတာကြောင့် ယင်ကျင်းရဲ့လူတွေ သူဘယ်ဘုံကျောင်းကဆိုတာ ရှာမတွေ့တာက သာမန်ပါပင်။

ရုန်ယိမှာ အံ့သြသွား၏။

"ဘယ်လို!!.. မင်းက ကွမ်ရင်ဘုံကျောင်းရဲ့ဆရာတော်လား... ဘာလို့ ဒီလောက်သေးနေရတာလဲ"

"ကိုယ်တော့်ရဲ့အသွင်အပြင်ကို ပြောင်းလဲထားရုံပါ.. လိုအပ်ရင် လူကြီးပုံစံ ပြန်ပြောင်းနိုင်ပါတယ်"

ရုန်ယိမှာ သူ့ပါးစပ်သူအုပ်ကာ ရေရွတ်လိုက်မိသည်။

"အမလေး.. ဘုရားရေ.. ကံကောင်းလို့.. ငါမင်းကို ဖက်နမ်းတာတွေ ဘာတွေမလုပ်မိတာ"

သူ့အမေနဲ့ ဝမ်းကွဲအစ်မကျယ်တို့သာ သူတို့က ကွမ်ရင်ဘုံကျောင်းဆရာတော်ရဲ့ မျက်နှာကိုနမ်းမိနေမှန်း သိသွားတဲ့အခါ ဘယ်လိုအမူအယာတွေ ဖြစ်ကုန်မလဲဆိုတာ သူအတော်လေးသိချင်မိသွား၏။

ဒီရက်ပိုင်း သူ့မျက်နှာကို လူအတော်များများရဲ့အနမ်းခံခဲ့ရတာကို သတိရသွားပြီး ဖောရှင်းက သူ့ကို လျှင်မြန်စွာ ရှင်းပြလာလေသည်။

"ဒကာလေးရုန်.. ကိုယ်တော် ကလေးပုံစံပြောင်းထားတာက ဒကာ​လေးတို့နောက်လိုက်ရတာ အဆင်ပြေအောင်ပါ.. ဒီဒကာမတွေကို အရူးလုပ်ဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now