*240* စားစရာလေးပျံပြေးသွားပြီ

1.9K 366 21
                                    

ပါဆီရိုနဲ့ရုန်ယိတို့ တစ်မနက်ခင်းလုံး ထိုင်စောင့်နေပေမဲ့ လိုဂတ်စ်က ပြန်မရောက်လာသေး။

ရုန်ယိ မေးလိုက်၏။
"ခင်ဗျားအနားမှာမရှိတဲ့အချိန် လိုဂတ်စ် လူတွေကိုသွေးလိုက်စုပ်မယ်လို့ ထင်လား"

"မဖြစ်နိုင်ဘူး"
ပါဆီရိုက စဥ်းတောင်မစဥ်းစားဘဲ ငြင်းဆိုလာသည်။
"လိုဂတ်စ်က လူသွေးမစုပ်ဘူး"

"အိုး..."
ရုန်ယိ သူ့ကို အဓိပ္ပါယ်ပါပါပြုံးပြလိုက်ပြီး
"ခင်ဗျား သူ့ကို ဒီလောက်တောင်ယုံတယ်လား"

ပါဆီရို၏မျက်နှာမှာ တောင့်တင်းသွားပြီး အလေးအနက်ပြောလာ၏။
"အမှန်ပြောရရင် လိုဂတ်စ်က အပေါက်ဆိုးတာကလွဲရင် ကျန်တာမဆိုးပါဘူး.. ကျွန်တော် ဒီကျင့်ကြံရေးလောကကိုရောက်လာတဲ့အချိန်က သူဘဲ ကျွန်တော့်ကိုကူညီခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေကိုပါ ခွဲပေးခဲ့တာ.. ကျွန်တော် ရောက်ကတည်းက သူလူသွေးစုပ်တာ တစ်ခါမှမမြင်ဖူးဘူး.. သူပြောတာတော့ သူက ရှေးဟောင်းသွေးသန့်မျိုးနွယ်မလို့ လူသွေးကိုသောက်စရာမလိုဘဲနဲ့လည်း သူ့အသက်ဆက်ရှင်နိုင်တယ်...ဒါပေမဲ့ သူ့အစွမ်းကတော့ ကျန်တဲ့သူတွေထက် နိမ့်သွားလိမ့်မယ်တဲ့"

"သူ လူ့သွေးသောက်ပြီး သူ့စွမ်းအားတိုးလာအောင် လုပ်နိုင်တယ်လေ.. ပြီးတော့ တော်ဝင်မျိုးနွယ်ဗန်ပိုင်းယားတွေထက်တောင်မှ စွမ်းအားကြီးလာလိမ့်မယ်"

ပါဆီရို မျက်လုံးတွေလက်ခနဲဖြစ်သွားကာ အမြန်မေးလိုက်သည်။
"သခင်လေးရုန်.. သူ့စွမ်းအားကို ဘယ်လိုတိုးအောင်လုပ်ရလဲဆိုတာ သခင်လေးသိတာလား"

ရုန်ယိ ရယ်လိုက်ပြီး သူ့ပြောလိုက်သည်။
"ကျွန်တော်တို့လုပ်သလိုမျိုးဘဲ နေနဲ့လရဲ့စွမ်းအင်နဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ ဝိညာဥ်ချီတွေကို သူစုပ်ယူလို့ရတယ်.. အဲ့ကျရင် သူ့စွမ်းအား အကြီးအကျယ်တိုးသွားလိမ့်မယ်.. ဒါပေမဲ့ သူ့စွမ်းအားတိုးလာရင် ခင်ဗျား သူ့ကို ထပ်ပြီးထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ဘူးနော်.. ကျွန်တော်ပေးထားတဲ့ လက်ဝါးကပ်တိုင်နဲ့တောင်မှ ရမှာမဟုတ်ဘူး"

ပါဆီရို "..."

ရုန်ယိ သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ခင်ဗျား သူ့ကို ဒီအကြောင်း ပြောသင့်မပြောသင့်ဆိုတာ ကိုယ့်ဘာသာ စဥ်းစားပေါ့"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now