*253* ချန်ထားရစ်ခဲ့ခြင်း(၁)

1K 248 15
                                    


နောက်ရက်အနည်းငယ်အတွင်းမှာ ရုန်ယိ ယင်ကျင်းရဲ့နား ကပ်နေရင်နေ မနေရင် ကလေးတွေနဲ့သာ ဆော့ကစားပေးနေလေသည်။ ဒါပေမဲ့လည်း သူထိုသို့ပိုလုပ်လေလေ သူတို့တွေကို ပိုလို့တောင် မထားခဲ့နိုင်အောင်ဖြစ်လာရလေသည်။ သို့သော်လည်း သူတို့တွေဘေးနားမှာ သူဆက်နေလို့မရတော့မှန်း သူသိပါသည်။

ယင်ကျင်းရဲ့ သူ့အလုပ်ကိစ္စတွေလုပ်နေတဲ့အချိန်မှာ ရုန်ယိ ဖောရှင်းကိုမေးလိုက်၏။
"ပိုင်ယွမ်ချန် ငါ့ကို ဘာလုပ်စေချင်တာလဲဆိုတာ မင်းသိလား"

ဖောရှင်းက စကားပြန်မပြောချေ။

ရုန်ယိ နောက်ထပ်မေးခွန်းပြောင်းမေးလိုက်သည်။
"ဒါဆို ငါ ဒီကမ္ဘာမှာ ဘယ်လောက်ကြာကြာနေလို့ရဦးမလဲဆိုတာရော မင်းသိလား"

"မြန်မြန်သွားနိုင်လေ ကောင်းလေပါ"

"မြန်လေ ကောင်းလေ...."
ရုန်ယိ အချိန်တစ်ခုလောက်ထိတော့ နေချင်သေးပေမဲ့ သူသာဆက်နေခဲ့ရင် ယင်ကျင်းရဲ့ ၊ ကလေးတွေနဲ့ လူတိုင်းလူတိုင်း သူ့ကြောင့် သေရမယ်ဆိုတာ စဥ်းစားလိုက်မိတဲ့အခါ ထိုအတွေးတွေကို စွန့်လွှတ်လိုက်တော့လေသည်။
"ဖောရှင်း.. မင်းမှာ ငါ့ကို ပြန်ပို့ပေးနိုင်မဲ့နည်းလမ်းရှိလား"

ဖောရှင်းက ခေါင်းခါလာကာ
"မရှိမှာစိုးပါတယ်.. ဒကာပိုင်တစ်ယောက်ဘဲ ကူညီပေးနိုင်မှာပါ"

သူသာ လုပ်နိုင်မယ်ဆိုရင် အစောကြီးတည်းက သူ့ကိုပြန်ပို့လိုက်ပြီးနေလေပြီ။

ရုန်ယိ မျက်နှာသုန်မှုန်သွားတော့၏။
"မင်းဆိုလိုတာက ငါ့ကိုပြန်ပို့ပေးဖို့ကို သူ့ကိုသွားတောင်းဆိုရမှာလား"

"ဒကာလေးမတောင်းဆိုရင်တောင် သူက ပြန်ပို့ပေးမှာပါ"

"သူလုပ်မဲ့ကိစ္စက မင်းပြောတဲ့ကပ်ဆိုးနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေတယ်.. ဟုတ်တယ်မလား"

ဖောရှင်းက ဆက်လက်တိတ်ဆိတ်နေသည်။

ရုန်ယိ သူတစ်ခါ သံသယဖြစ်ခဲ့ဖူးတဲ့ ကပ်ဘေးက ရတနာနဲ့များ ပတ်သက်မှုရှိနေမလားဆိုတာကို သတိရသွားတာကြောင့် မေးလိုက်သည်။
"ကပ်ဆိုးကိုဖြစ်စေမဲ့သူက ပေပနယ်မြေမှာ ရတနာရှိတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်တဲ့သူလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now