*200* မယုံနိုင်စရာဘဲ

7.5K 1.1K 85
                                    

ရုန်ယိ ထိုင်ချကာ ယောင်အာရဲ့ ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
"နောက်တစ်ခါ သူစိမ်းတစ်ယောက်ကို ဖေဖေလို့မထင်နဲ့တော့ ဟုတ်ပြီလား"

ယောင်အာက သူ့လက်ကို ဆွဲကိုင်ရင် တခစ်ခစ်ရယ်လာသည်။

အစ်ကိုနှစ်က ဂန္ဓမာပန်းပုံ မှော်လက်နက်ကို ရုန်ယိရှေ့ကို ထိုးပေးလာသည်။

ရုန်ယိမှာ အံ့သြသွား၏။
"ငါ့အတွက်လား"

အစ်ကိုနှစ်က ခေါင်းငြိမ့်ပြလာသည်။

"မင်းဖေဖေကို ဒီဂန္ဓမာပန်း ပေးမလို့ မဟုတ်ဘူးလား"

ကလေးတွေက ဘာမှပြန်မပြောဘဲ သူ့ကိုသာ ကြည့်နေကြသည်။

ရုန်ယိ ယောင်အာရဲ့ အစ်ကိုသုံးယောက်ကို ကြည့်လိုက်ပြီး သူ့လက်ထဲက ယောင်အာရယ်.. ဘာမှမပြောဘဲ အပြုံးတစ်ပွင့်နဲ့ကြည့်နေတဲ့ အကြီးအကဲလွီ့ရယ်ကိုကြည့်ပြီး နောက်ဆုံး သူ့အကြည့်တွေက သူ့ရှေ့က ဂန္ဓာမာပန်းဆီကို ကျရောက်သွား၏။

ရုတ်တရက် သူ့ကိုယ်သူ ကျိုရွှီဂိုဏ်းထဲမှာတုန်းက သူ ယင်ထောင်ကို သူဂန္ဓမာပန်းတွေကို သဘောအကျဆုံးလို့ပြောခဲ့တဲ့အခိုက်အတန့်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုတုန်းက ယင်ထောင်က သူ့အတွက် ဂန္ဓမာပန်းတစ်ပွင့်ပြုလုပ်ပေးခဲ့ပြီး ထိုတစ်ခုက ယခုသူ့ရှေ့က တစ်ခုနဲ့ တစ်ပုံစံတည်းတူညီလေသည်။

ရုန်ယိ ကလေးတွေကို အမြန်ပြန်ကြည့်လိုက်တဲ့အခါ သူတို့ရဲ့မျက်ဝန်းရဲရဲလေးတွေကို တွေ့လိုက်ရတာကြောင့် ရင်ထဲ အောင့်ခနဲဖြစ်သွားရသည်။
ဒါ သူ့ကလေးတွေဘဲ.. လုံးဝကို သူ့ကလေးတွေဘဲ။

သူ အစ်ကိုနှစ်ရဲ့ မျက်နှာဖုံးကို အမြန်ဖယ်လိုက်တဲ့အခါ ရင်းနှီးနေပေမဲ့ အနည်းငယ် စိမ်းသက်နေတဲ့ မျက်နှာလေးက သူ့ရှေ့ပေါ်ထွက်လာ၏။

ရုန်ယိ အလွန်ဝမ်းသာသွားရသည်။
"ချယ်ရီသီးလေး"

ယင်ထောင်က ချက်ချင်းဘဲ အော်ငိုရင်း သူ့ရင်ခွင်ထဲ ပြေးဝင်လာတော့သည်။
"ဖေဖေ...ဖေဖေ..."

ရုန်ယိလည်း အရမ်းစိတ်လှုပ်ရှားနေကာ သူ့ကိုချီလိုက်သည်။
"မင်းအရွယ်ရောက်လာတာ အရမ်းမြန်တာဘဲ.. ဒီလောက်တောင် ကြီးနေပြီလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now