*202* မင်းကိုယ့်ကိုစချင်နေရုံပါ

7.3K 1.1K 41
                                    

ယင်ကျင်းရဲ့ ဆက်ပြောဟူသည့်သဘောဖြင့် သူ့တင်ပါးကို ခပ်ဖွဖွပုတ်လိုက်သည်။

"အဲ့အချိန်က ကျွန်တော်ပျောက်သွားတာက ပိုင်ယွမ်ချန် ကျွန်တော့်ကို ပေးခဲ့တဲ့ အနီရောင်ကျောက်စိမ်းပြားနဲ့ ပတ်သက်နေလိမ့်မယ်"
သူတို့ ပြီးခဲ့တဲ့အခေါက်တွေ့တုန်းက ပိုင်ယွမ်ချန် သူ့ကို ကျောက်စိမ်းပြားတစ်ခု ပေးခဲ့တာကို ပြောပြလိုက်သည်။
"အဲ့ကျောက်စိမ်းက ထွက်လာတဲ့ အနီရောင်အလင်းတွေက ကျွန်တော်တို့ ဝိညာဥ်နဲ့အသိစိတ်ဝိညာဥ်တွေကို ကာကွယ်ပေးပြီး ကျွန်တော့်ကိုလည်း အန္တရာယ်ကင်းတဲ့ နေရာကို ပို့ပေးခဲ့တယ်"

"မင်းကို ဘယ်နေရာကို ပို့လိုက်တာလဲ.. ဘာလို့ ပြန်လာဖို့ သုံးနှစ်တောင် ကြာနေရတာလဲ"
ယင်ကျင်းရဲ့ သူ့ကိုရှာဖို့ နယ်မြေကြီးခြောက်ခုလုံးအနှံ့ လူလွှတ်ခဲ့ပြီး ရုန်ယိသတင်း အစအနလေးရတာနဲ့ လူလွှတ်စစ်ဆေးခိုင်းခဲ့ပေမယ့် ဘာသဲလွန်စလေးမှ မရခဲ့။

"အဲ့တာက ကျွန်တော် ဘယ်သူဆိုတာကနေ စရမယ်"
ရုန်ယိ သူ့ကို အလေးအနက်ကြည့်လိုက်ပြီး
"တစ်ကယ်တော့ ကျွန်တော်က ဒီနေရာကလူမဟုတ်ဘူး.. ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် ကျွန်တော်က ဒီကမ္ဘာကလူမဟုတ်ဘူး"

ယင်ကျင်းရဲ့ မျက်ခုံးတန်းတွေ အနည်းငယ်စုကြုံ့သွား၏။
"ဒီကမ္ဘာက လူမဟုတ်ဘူး.."

"ကျွန်တော်က အနာဂတ်ကမ္ဘာကနေ ရောက်လာခဲ့တာ"

ယင်ကျင်းရဲ့ အံ့သြသွားကာ တစ်ချိန်တည်းမှာဘဲ အကျိုးအကြောင်းတွေကို ခန့်မှန်းလိုက်မိပြီး ဖက်ထားတဲ့လက်တွေကို တင်းကြပ်လိုက်မိသည်။
"ပိုင်ယွမ်ချန်ရဲ့ ကျောက်စိမ်းပြားက မင်းရဲ့ကမ္ဘာကို ပြန်ပို့ပေးလိုက်တာလား"

"အင်း.. ကျွန်တော့်ကမ္ဘာက သုံးမိနစ်က ခင်ဗျားတို့ဆီမှာ သုံးလလောက်ရှိတယ်.. ကျွန်တော်ပြောတဲ့ သုံးမိနစ်လောက်ဆိုတာက အမွှေးတိုင် တစ်ပိုင်းစာလောက် အချိန်ကိုပြောတာ.. ဒါကြောင့် ကျွန်တော့်ကမ္ဘာကို ပြန်ပို့ခံလိုက်ရတော့ ဟိုမှာ တစ်နာရီနီးပါးလောက်ဘဲ နေခဲ့ပေမယ့် ဒီမှာတော့ သုံးနှစ်တောင်ကြာသွားတယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now