*225* ချီလန်ဆီမှလက်ဆောင်

3K 469 19
                                    

မင်သခင်ကြီးက သူ့လက်ထဲက ဆေးလုံးကိုကြည့်ကာ ပြောလာ၏။
"ဒါက စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးဆိုတာ အသိသာကြီးပါ... ဒါပေမဲ့ ငါပုံမှန် သန့်စင်နေကျဆေးလုံးတွေနဲ့ ကွာခြားနေတယ်"

သူအနံ့ခံကြည့်ကာ အံ့အားသင့်သွားသည်။
"ငါ့နှာခေါင်းဘဲ တစ်ခုခုဖြစ်နေတာလား.. ဒါမှမဟုတ် ငါဘဲ မှားအနံ့ခံမိတာလား.. ငါ ဒီဆေးလုံးကနေ အဆင့်၅ စိတ်ဝိညာဥ်ကာကွယ်ရေးဆေးပင်နဲ့ အဆင့်၇ ထိပ်တန်း မန်တျန်သန့်စင်ဆေးပင်တွေကို အနံ့ခံမိလိုက်တယ်။ မင်းတို့ အနံ့လာခံကြည့်ကြစမ်းပါ.  ငါဘဲ မှားတာလား"

မင်မိသားစုဆိုတာက ဆေးလုံးသန့်စင်သူ မိသားစုကြီးပင်။ သူတို့တွေက ငယ်စဥ်ကတည်းက ဆေးပင်ကန်ထဲမှာနေထိုင်ခဲ့ကြပြီး စားသည်ဖြစ်စေ အိပ်သည်ဖြစ်စေ ကျင့်ကြံသည်ဖြစ်စေ သူတို့လက်ထဲ ဒါမှမဟုတ် နံဘေးမှာ ဆေးပင်တစ်ပုံကတော့ ရှိနေဆဲပင်။ ဒါကြောင့် အနံ့ခံပြီး ဘာဆေးပင်ဆိုတာ ခွဲခြားဖို့က သူတို့အတွက်တော့ မျက်တောင်ခတ်သလိုပင် လွယ်ကူလှသည်။

မင်လျန်ယင်လည်း အံ့သြသွား၏။
"ဒါတစ်ကယ့်ကို မန်တျန်သန့်စင်ဆေးပင်နဲ့ စိတ်ဝိညာဥ်ကာကွယ်ရေးဆေးပင်ဘဲ"

ယင်သခင်မက အသာပြုံးကာ
"အဖေ.. ရှောင်ယိက မွမ်းမံခြင်းအင်းကွက်တွေရေးတာအပြင် ဆေးလုံးသန့်စင်တာနဲ့ လက်နက်သန့်စင်တာတွေမှာပါ အရည်အချင်းရှိတယ်လို့ ကျွန်မပြောဖူးတာ မေ့သွားပြီလား.. ဒါပေမဲ့ သူ့နည်းလမ်းကတော့ ထူးခြားတယ်.. သူက..."

"မွမ်းမံခြင်းအင်းကွက်!!"
မင်ဖင်းယိုက စိတ်လှုပ်တရှားနဲ့ သူမစကားကို ဖြတ်ပြောလာသည်။
"ဒေါ်လေး..ဒေါ်လေးပြောတာက ရုန်ယိက မွမ်းမံခြင်းအင်းကွက်တွေ လုပ်နိုင်တယ်လို့လား"

ယင်သခင်မက ခေါင်းငြိမ့်ကာ
"ဟုတ်တယ်လေ.. မင်းတို့အဘိုးက မပြောပြဘူးလား"

"မပြောဘူး"
မင်ဖင်းယို ရုန်ယိကို စိတ်လှုပ်ရှားစွာကြည့်လိုက်ပြီး
"ရုန်ယိ... မင်းက တစ်ကယ်ကြီး အဲ့ မွမ်းမံခြင်းအင်းကွက်တွေ ရေးဆွဲနိုင်တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးလား... ငါကြားတာတော့ မွမ်းမံခြင်းအင်းကွက်တွေက မှော်လက်နက်ရဲ့ ကာကွယ်နိုင်စွမ်း တိုက်ခိုက်နိုင်စွမ်းတွေကို တိုးတက်လာစေနိုင်တယ်ဆို.. မင်းရဲ့လက်နက် ဒါမှမဟုတ် မှော်ကိရိယာပေါ်ကပ်လိုက်တာနဲ့ လက်နက်ရဲ့အဆင့်က မြင့်တက်သွားမှာဆို အမှန်ဘဲလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now