*231*

2K 392 19
                                    

*231* ဒါဆို ဖေဖေက နေ့တိုင်းအဖေ့ရဲ့တံတွေးတွေကို စားနေတာက ပိုပြီး ရင်းနှီးကျွမ်းဝင်ချင်လို့ကိုး

ဆရာသခင်ယွမ်ယိ ဆရာသခင်ကျိရှင်းကြည့်နေတဲ့ဘက်ကို ​လှမ်းကြည့်လိုက်တဲ့အခါ ရင်းနှီးကျွမ်းဝင်နေတဲ့မျက်နှာဖုံးကို တွေ့လိုက်ရပြီး နေရာမှာတင် တောင့်တင်းသွားသည်။

ပုချီ သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

ဆရာသခင်ယွမ်ယိသည် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်တာ ခေါင်းကို တစ်ဖက်ကိုလှည့်သွားတော့သည်။

ပုချီ "....."

ရှန်းလွီ့ အသံပို့ကာ ပြောလိုက်၏။
"ကြည့်ရတာ မင်းဆရာတူအစ်ကိုက စိတ်ဆိုးနေသလိုဘဲနော်"

ပုချီမှာ ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်မိသည်။
"​လွန်ခဲ့တဲ့နှစ်နှစ်က သူငါ့ကို ကျိုရွှီဂိုဏ်းကိုပြန်လာပြီး အားဖြည့်ပေးဖို့ တစ်ခါပြောခဲ့သေးတယ်.. သူကငါ့ကို မွမ်းမံခြင်းအင်းကွက်တွေသုံးပြီး ဂိုဏ်းကို အင်အားပိုကြီးလာအောင်လုပ်စေချင်တာ... ငါက ကန့်သတ်ထိန်းချုပ်ခံရတာမျိုး သဘောမကျလို့ ငြင်းလိုက်ပြီး အဲ့ထဲက သူနဲ့မတွေ့အောင် ရှောင်နေတာလေ"

ရှန်းလွီ့ ထူးဆန်းစွာမေးလိုက်သည်။
"ဒါဆို ဘာလို့ ရွှမ်းယိခန်းမကိုတာဝန်ယူဖို့ကျတော့ ဆန္ဒရှိခဲ့တာလဲ"

"အဲ့တာက ကျိုရွှီဂိုဏ်းနဲ့မတူဘူးလေ.. ဘာဖိအားမှမရှိဘဲ အရမ်းလွတ်လပ်တယ်.. ငါကိုယ်တိုင် အပြင်ထွက်ပြီး သတင်းစုဆောင်းစရာလည်းမလိုဘူး.. စီမံခန့်ခွဲတာတွေ တိုးချဲ့တာတွေလည်း မလုပ်ခိုင်းဘူး.. ဒီတော့ ငါ့မှာ တစ်ခြားကိစ္စအတွက် အချိန်အများကြီး ပိုရတယ်လေ"

"ဟုတ်သား.. အဲ့တာလည်း ဟုတ်တယ်"

ရုန်ယိ ယင်ကျင်းရဲ့လက်ကို ကိုင်လိုက်ကာ
"သွားမယ်.. ဖိတ်ကြားလွှာ သွားရှာကြမယ်"

မွန်းတည့်ဖို့ နှစ်နာရီလိုသေးသည်။ လူတိုင်းရဲ့အာရုံက ဖိတ်ကြားလွှာပေါ်မှာသာ ရှိနေကြ၏။ ဖိတ်ကြားလွှာလို့ထင်မိတဲ့ တစ်ခုခုကိုတွေ့လိုက်တာနဲ့ သိုလှောင်လက်စွပ်ထဲ ကောက်ထည့်ကြတော့သည်။ အကယ်၍ အစောကတည်းက ဒီအနီရောင်မီးပုံးတွေ ဖဲကြိုးတွေက ပွဲတော်အငွေ့အသက်ရအောင် အလှဆင်ထားရုံဖြစ်ပြီး ဖိတ်ကြားလွှာ လုံးဝမဟုတ်ပါဘူးဟုသာ မပြောထားခဲ့ရင် နာရီဝက်တောင်မပြည့်သေးခင်မှာတင် ဒါတွေအကုန် ကောက်သိမ်းခံလိုက်ရမှာ သေချာသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now