*236* အခုငါဘယ်လောက်စွမ်းအားကြီးမှန်းသိသွားပြီမလား

2.2K 409 23
                                    


ရုန်ယိတို့အကုန် အေးခဲသွားကြသည်။

ရုန်ယိ သူ့နားသူကလော်လိုက်ပြီး
"ကျွန်တော်ကြားလိုက်တာ မှန်ရဲ့လား.. တစ်ယောက်ယောက် ကျွန်တော့်ကို စိန်ခေါ်ဖို့လုပ်နေတာလား"

သူက ကျင့်ကြံခြင်းလောကထဲရောက်တာ အချိန်သိပ်မကြာသေးပေ။ တစ်ယောက်ယောက်က သူ့ကို စိန်ခေါ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။

တစ်ယောက်ယောက်က သူ မွမ်းမံခြင်းအင်းကွက်တွေ သန့်စင်နိုင်တာ သိသွားလို့များ သူ့ကိုပစ်မှတ်ထားလိုက်တာလား...

"နာမည်တူနေတာလည်း ဖြစ်နိုင်ပါတယ်"
ယင်ကျင်းရဲ့က ပြောလာသည်။

​ဒါပေမဲ့ ထိုကဲ့သို့ဖြစ်နိုင်ခြေက အတော်လေးနည်းလှသည်။ ရုန်ယိကတော့ တစ်ယောက်ယောက်က သူ့ကို ရည်ရွယ်တာလို့ ထင်နေဆဲပင်။

ပုချီနဲ့ရှန်းလွီ့တို့ အချင်းချင်း ပြန်ကြည့်မိကာ ပြောလိုက်၏။
"ပုံမှန်အားဖြင့်တော့.. စိန်လာခေါ်တဲ့သူက အပြည့်အဝပြင်ဆင်ထားမှာဘဲ"

ရုန်ယိ ခေါင်းငြိမ့်လိုက်သည်။
"တစ်ဖက်က ဘယ်လိုပြောမလဲ အရင်စောင့်ကြည့်တာပေါ့"

ထို့နောက် ထိုလူက ဆက်ပြောလာသည်။
"ငါ့မှာ ဖိတ်ကြားလွှာရှိတယ်.. ပေပနယ်မြေက ကွေးလင်မြို့ မြို့သခင်အိမ်တော်က ရုန်ယိကို ငါ စိန်ခေါ်ချင်တယ်"

ရုန်ယိ နှာခေါင်းသာရှုံ့လိုက်မိသည်။
"တွေ့လား.. တစ်ကယ် ကျွန်တော့်ကိုဘဲ"

ယင်ကျင်းရဲ့ မျက်ဝန်းတွေ အသာမှေးစင်းသွား၏။
"ဒီလူရဲ့အသံက တော်တော်လေးစိမ်းသက်နေတယ်"

ပုချီနဲ့ရှန်းလွီ့တို့လည်းဘဲ ဒီလူရဲ့အသံကို မကြားဖူးဟု ဆိုလာကြသည်။

"အခု တစ်ဖက်က ဖိတ်ကြားလွှာပါ ထုတ်လာပြီဆိုမှတော့ ကျွန်တော့်ကို ဘယ်သူစိန်ခေါ်တယ်ဆိုတာ တစ်ချက်လောက် သွားကြည့်ကြတာပေါ့"
ရုန်ယိ ပြောလိုက်သည်။

သူတို့ ပြိုင်ကွင်းနေရာကို ပြန်သွားလိုက်ကြ၏။

ကျန်းစွန်းမိသားစုနှင့် ကျိုရွှီဂိုဏ်းမှာ အငြင်းပွားနေကြဆဲ ဖြစ်ပေမဲ့ ကွင်းကိုအသုံးပြုချင်တဲ့ လူတစ်ချို့ရှိတာကြောင့် ဘေးဖက်ကို ဖယ်ပေးလိုက်ကြရသည်။ အခုအချိန် ကျိုရွှီဂိုဏ်းကသူတွေမှာ ဒီရုန်ယိဆိုတဲ့သူက သူတို့သိတဲ့ရုန်ယိဘဲလားဆိုတာ တစ်အားသိချင်နေကြ၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now