*212* အဖေ့ကိုဖေဖေဘဲနိုင်တာ

6.2K 1K 72
                                    

မြင်းပြိုင်ကွင်းထဲက ရှိရှိသမျှ လူတွေအကုန် ရုန်ယိကို အံ့အားတသင့်ကြည့်လာကြပြီး သူတို့မြို့သခင် ပွေ့ဖက်ထားတဲ့သူက ဘယ်သူလဲဆိုတာရယ်.. မြို့သခင်က သူ့ကိုဘာလို့ အထူးတလှယ်ဆက်ဆံနေရတာလဲဆိုတာရယ်ကို သိချင်နေကြ၏။ အမြဲတမ်း ရေခဲတမျှအေးတိအေးစက်မျက်နှာနဲ့ မြို့သခင်ကိုတောင် သူ့ကိုပြုံးပြလာအောင်လုပ်နိုင်သေးသည်။

ရုန်ယိ အနီးနားကသူတွေရဲ့ တီးတိုးသံတွေကြားလိုက်တာကြောင့် ပြုံးလိုက်ကာ
"လူတိုင်း ကျွန်တော်ဘယ်သူလဲဆိုတာ အရမ်းသိချင်နေကြတယ်"

ယင်ကျင်းရဲ့ သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး
"သိပ်မကြာခင်.. ပေပနယ်မြေတစ်ခုလုံးက တစ္ဆေကျင့်ကြံသူတွေရော မိစ္ဆာကျင့်ကြံသူတွေပါ မင်းဘယ်သူလဲဆိုတာ သိသွားလိမ့်မယ်"

"ဒေါ်လေးရှန်းက ကျွန်တော်တို့အတွက် မင်္ဂလာနေ့ရက် ရွေးပေးပြီးသွားပြီလား"

"အင်း.. ၈လပိုင်း ၈ရက်နေ့.. နောက်ထပ် သုံးလလောက်လိုသေးတယ်"
ယင်ကျင်းရဲ့ မနက်ဖြန်ချက်ချင်းတောင် လက်ထပ်ပွဲလုပ်လိုက်ချင်ပေမယ့် ဒါက တစ်သက်မှာတစ်ခါသာကျင်းပရတဲ့ပွဲ ဖြစ်တာကြောင့် သူအလေးအနက်ထားရမည်။ ဒါ့အပြင် သူ ရုန်ယိအတွက် ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာအခမ်းအနားမျိုး ကျင်းပပေးချင်သည်။

"ကျွန်တော်တို့ နောက်ကျရင် အလုပ်တွေများတော့မှာပေါ့"
ရုန်ယိအတွက်ကတော့ သူ့မိသားစုက သူ့လက်ထပ်ပွဲကို မတက်ရောက်နိုင်တာတစ်ခုဘဲ နောင်တရပေသည်။

"စိတ်မပူပါနဲ့.. ဒေါ်လေးရှန်းက အကုန်လုံး ဂရုစိုက်ပေးလိမ့်မယ်"
ယင်ကျင်းရဲ့ ရုန်ယိကို မြင်းဇောင်းဘက်ကိုခေါ်သွားလိုက်သည်။
"မြင်းစီးပြိုင်ရအောင်"

ရုန်ယိ ပြုံးရင်း ပြန်မေးလိုက်သည်။
"ဘာလို့ ကျွန်တော် မြင်းစီးတတ်လားလို့ အရင်မမေးတာလဲ"

"မင်းမလုပ်နိုင်တာ ရှိသေးလို့လား"
ယင်ကျင်းရဲ့စိတ်ထဲမှာတော့ ရုန်ယိက အရာအားလုံးလုပ်နိုင်သူပင်။
"မင်းမစီးတတ်လည်း ကိုယ်မင်းကို ခေါ်သယ်သွားပေးမယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now