*247* နောက်တစ်ကြိမ်ဆိုတာမရှိဘူး

1.5K 297 18
                                    

*247* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
နောက်တစ်နေ့ မနက်စောစောမှာတော့ ဒေါ်လေးရှန်းက သွားတွက်ချက်ထားတဲ့ မင်္ဂလာနေ့ရက်တွေယူကာ ယင်ကျင်းရဲ့ စာကြည့်ခန်းထဲရောက်လာ၏။ ရုန်ယိက ယင်ကျင်းရဲ့ကို လည်ပင်းနောက်မှ သိုင်းဖက်ထားတာတွေ့လိုက်ရတာကြောင့် သူမ ပြုံးလိုက်ပြီး ပြောပြလိုက်သည်။
"ရဲ့အာ...ရှောင်ယိ.. ဒေါ်လေး မင်းတို့နှစ်ယောက်အတွက် မင်္ဂလာရက် ထပ်ရွေးပေးလာတယ်.. လပြက္ခဒိန်ရဲ့ တစ်လပိုင်း တစ်ရက်နေ့... မင်းတို့ရော ဘယ်လိုထင်လဲ"

ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းလောကမှာက နှစ်သစ်ကူးပွဲတော်ဆိုတာမျိုးမရှိပေ။ ဒါကြောင့် ထိုနေ့မှာ သူတို့မိတ်ဆွေသူငယ်ချင်းတွေ ဆွေမျိုးတွေကို ပွဲတက်ဖို့ ဖိတ်ကြားလို့ရပေသည်။ ဒါကြောင့် ရုန်ယိလည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
"အဆင်ပြေပါတယ်... ကျွန်တော် ချီယွဲ့ရှီတို့ကိုလည်း လာဖို့ဖိတ်လို့ရတယ်"

ဒါပေမဲ့လည်း လေးလလောက်လိုသေးတာ တွေးလိုက်မိပြီးနောက် ယင်ကျင်းရဲ့ မျက်ခုံးတွေအနည်းငယ်တွန့်သွား၏။
"မင်္ဂလာရက်က ဒီရက်ပိုင်းအတွင်း မရှိတော့ဘူးလား"

ဒေါ်လေးရှန်းက ခေါင်းခါပြကာ
"မရှိဘူး.. လပြက္ခဒိန်ရဲ့ တစ်လပိုင်းတစ်ရက်နေ့က အကောင်းဆုံးနေ့ဘဲ.. ကျန်တဲ့နေ့တွေက အဲ့နေ့လောက်မကောင်းဘူး... မင်းတို့ မစောင့်နိုင်ကြတော့ဘူးဆိုလည်း နောက်လမှာတော့ သင့်တော်တဲ့ရက်တစ်ရက်ရှိတယ်.. ဒါပေမဲ့ မင်းတို့ရဲ့ မင်္ဂလာဝတ်စုံတွေက မပြင်ဆင်ရသေးဘူး.. ပြီးတော့လည်း တစ်ခြားပြင်ဆင်စရာတွေလည်း အများကြီးကျန်နေသေးတယ်လေ.. ဒီတော့ အချိန်က နည်းနည်းလေးကြပ်သွားနိုင်တယ်"

"ဒါဆိုလည်း တစ်လပိုင်းတစ်ရက်နေ့ဘဲ ထားလိုက်ပါ"

ဒေါ်လေးရှန်းက ပုံအထပ်လိုက်ကို ထုတ်ပြလာ၏။
"ဒါက မင်္ဂလာဝတ်စုံပုံစံတွေ မင်းတို့သဘောကျတဲ့ပုံစံတစ်ခုရွေးလိုက်.. ပြီးရင် ဒေါ်လေး သူတို့ချုပ်လို့ရအောင် မင်းတို့ရဲ့ကိုယ်တိုင်းကို ယူခိုင်းလိုက်မယ်"

ပြီးခဲ့တဲ့အခေါက်က အပ်ချုပ်သမမှာ ချီလန်သတ်တာ ခံလိုက်ရတာကြောင့် ဒီတစ်ခေါက်တော့ သူမ အိမ်တော်ကိုမခေါ်တော့ဘဲ ဝတ်စုံပုံစံနဲ့ ကိုယ်တိုင်းသာပို့ပြီး ချုပ်ခိုင်းတော့မည်ပင်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now