*248* သွေးခွဲခြင်း

1.4K 309 22
                                    

ကလေးတွေ လျှောပေါ် ပျော်ပျော်ပါးပါးကစားနေတာကို လူကြီးတွေက ဘေးကနေရပ်ကြည့်နေတဲ့အချိန်မှာဘဲ ချီလန်က ရှင်းယွဲ့ကိုခေါ်လာကာ နှုတ်ဆက်စကားဆိုလာသည်။

ယင်သခင်မမှာ သူ့ကိုမသွားစေချင်ပေမဲ့ သူ့ရဲ့လက်ရှိအခြေအနေအရ ဒီမှာဆက်နေဖို့ကလည်း အဆင်မပြေပေ။ ဒါကြောင့် သူမလည်း ဒီလိုသာပြောလိုက်ရသည်။
"မင်းအားရင် ငါတို့ဆီ ထပ်လာလည်ဦးနော်"

ချီလန် ခေါင်းငြိမ့်ကာ အားရပါးရပြုံးနေတဲ့ ရုန်ယိဘက်ကို လှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးတွေမှေးစင်းသွားကာ မေးလိုက်သည်။
"ငါသွားတော့မယ်ကြားရတာ အဲ့လောက်တောင်ပျော်တာလား"

ရုန်ယိအပြုံးက ပိုပိုပြီးကြီးမားလာ၏။
"အင်းပေါ့.. ကျွန်တော် တစ်ကယ်ထိန်းမရတော့တာ.. ဒီရက်ပိုင်း အမြဲအပြုံးတုတွေနဲ့ကျွန်တော်ထက် အခုလို စိတ်ပါလက်ပါပြုံးနေတဲ့ကျွန်တော်က ပိုဆွဲဆောင်မှုရှိတာ ခင်ဗျားမတွေ့ဘူးလား"

ယင်သခင်မမှာတော့ ကူကယ်ရာမဲ့စွာနဲ့သာ ပြုံးလိုက်မိတော့သည်။
ဒီကလေးနှစ်ယောက်ကတော့ အချင်းချင်းတွေ့လိုက်ကြတာနဲ့ ကိုက်ကြတော့တာဘဲ...

မင်ဖင်းကျယ်လည်း ရယ်လိုက်မိသည်။

ချီလန်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။ သူထွက်သွားဖို့ဆုံးဖြတ်လိုက်တာ တစ်ကယ်မှန်တဲ့ဆုံးဖြတ်ချက်ဘဲ... မဟုတ်ရင် အနှေးနဲ့အမြန် သူတော့ ရူးသွားပေလိမ့်မည်။ နေ့တိုင်းနေ့တိုင်း ရုန်ယိအသံကိုကြားလိုက်တာနဲ့ တစ်ချက်လောက်တော့ ကြည့်ချင်ခဲ့တာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဒါပေမဲ့ ထိုထဲကို တဖြေးဖြေးနဲ့ နစ်မြုပ်သထက်နစ်မြုပ်သွားမှာမျိုးလည်း သူမဖြစ်ချင်ပေ။

အဓိကကတော့ ရုန်ယိကို သူ့ရှေ့မှာ ယင်ကျင်းရဲ့နဲ့အရမ်းချစ်ခင်နေကြတာကို သူမမြင်တွေ့ချင်ပေ။ ထိုသို့မြင်တွေ့နေရတာက သူ့ကိုပိုပိုပြီးစိတ်မသက်မသာဖြစ်စေကာ သူ့နှလုံးသားကို ဆွဲဆုပ်ကိုင်ခံထားရသလိုမျိုး အလွန်နာကျင်လှ၏။

ထို့နောက် သူယင်ကျင်းရဲ့ဘက်လှည့်ကာ ပြောလိုက်သည်။
"မင်း ပိုင်ယွမ်ချန်နဲ့တစ်ခြားသူတွေကို ရှာတွေ့ရင် ငါ့ကိုလှမ်းပြောဦး"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now