*203* မင်းကျင့်ကြံဖော်ပြောင်းလိုက်တာလား

7.5K 1.1K 34
                                    

ခြံဝန်းထဲ ဆော့ကစားနေကြတဲ့ ကလေးတွေမှာ အခန်းထဲက ရုန်ယိရဲ့ရယ်မောသံတွေ ကြားလိုက်ကြတဲ့အခါ အချင်းချင်း ကြည့်လိုက်ကြသည်။

ယောင်အာက တခစ်ခစ်ရယ်ကာ
"ဖေဖေနဲ့အဖေတို့ အခန်းထဲမှာ အရမ်းပျော်နေကြတယ်ထင်တယ်.. သားလည်း သူတို့ဆီသွားချင်တယ်"

ယင်ထောင် သူ့ကိုတားလိုက်သည်။
"ဦးလေးပု ပြောတာ သူတို့ အခန်းထဲမှာ ကျင့်ကြံနေတာတဲ့.. ငါတို့ သွားမနှောင့်ယှက်သင့်ဘူး"

"ကျင့်ကြံရင် အာရုံမပျံ့လွင့်စေဘဲ ငြိမ်ငြိမ်လေးထိုင်နေရတာ မဟုတ်ဘူးလား.. ဘာလို့ ဖေဖေကျတော့ ဒီလောက်ရယ်နေရတာလဲ"
ယောင်အာ ကျင့်ကြံရတာကိုမကြိုက် ကျင့်ကြံရင် မလှုပ်မယှက်နဲ့ ထိုင်နေရတာကြောင့်ပင်။ အကယ်၍ ဖေဖေနဲ့အဖေတို့လုပ်သလို ပျော်စရာကောင်းမယ်ဆိုရင်တော့ သူကျင့်ကြံရတာကို သေချာပေါက် သဘောကျမည်ပင်။

ယင်ထောင်လည်း သိချင်စိတ်နဲ့ သူတို့ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျန်းမုကို လှည့်ကြည့်လိုက်သည်။

ကျန်းမု မျက်နှာလေးကတော့ လုံးဝဗလာပင်။

ယင်စန်စန် သူ့ရဲ့မြှားလေးကို မြှောက်ကာ တံခါးဆီလှမ်းပစ်လိုက်၏။ ထိုမြှားတံလေးက တံခါးနဲ့ တစ်ပေလောက်အကွာတွင် ပြန်ကန်ထွက်လာကာ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။

"အဖေက တံခါးအပြင်မှာ စည်းချထားတယ်"
သူက ခပ်အေးအေးပြောလိုက်သည်။
"ငါတို့ ဝင်လို့မရဘူး"

ယောင်အာမှာ နှုတ်ခမ်းလေးဆူသွား၏။

ယင်ကျင်းရဲ့ အခန်းအပြင်က ဆူသံတွေ ကြားနေတာကြောင့် ရုန်ယိကိုဖက်ထားတာကို လျော့ပေးလိုက်သည်။
"အပြင်မှာ ကလေးတွေ ကိုယ်တို့ထွက်လာမှာကို စောင့်နေကြပြီ"

ရုန်ယိ သူ့ကို တွန်းထုတ်ကာ ထထိုင်လိုက်၏။
"ကျွန်တော် အပြင်ထွက်ပြီး သူတို့ကို အချိန်ပေးရဦးမယ်"

ယင်ကျင်းရဲ့ ရုတ်ချည်းဘဲ ကလေးတွေက အနည်းငယ်ရှုပ်တယ်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း ရုန်ယိ အဝတ်အစားပြန်ဝတ်နေတာကိုတော့ ကူညီပေးလိုက်သေးသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now